ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 35:15-26 Common Language Bible (BCL)

15. အာ​သပ်​သား​ချင်း​စု​မှ​ဂီ​တ​ပ​ညာ​သည် များ​ဖြစ်​ကြ​သည့်​အာ​သပ်၊ ဟေ​မန်​နှင့်​ဘု​ရင် ပ​ရော​ဖက်​ယေ​ဒု​သုန်​တို့​သည်​ဒါ​ဝိဒ်​မင်း ညွှန်​ကြား​ချက်​အ​ရ မိ​မိ​တို့​နှင့်​ဆိုင်​ရာ​နေ​ရာ များ​တွင်​ရှိ​နေ​ကြ​၏။ ဗိ​မာန်​တော်​အ​စောင့် တပ်​သား​များ​သည်​မိ​မိ​တို့​အား​သတ်​မှတ် ချ​ထား​သည့်​နေ​ရာ​များ​မှ​ထွက်​ခွာ​ကြ​ရန် မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​အ​တွက် အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​က ပ​သ​ခါ ည​စာ​ကို​ပြင်​ဆင်​ပေး​ကြ​သော​ကြောင့် ဖြစ်​၏။-

16. ထို့​ကြောင့်​ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး ကွယ်​မှု၊ ပ​သ​ခါ​ပွဲ​တော်​ကျင်း​ပ​မှု​နှင့်​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ ကို​ဆက်​ကပ်​မှု​တို့​အ​တွက် ယော​ရှိ​မင်း​၏ အ​မိန့်​တော်​အ​တိုင်း​နေ့​ချင်း​ပြင်​ဆင်​ကြ​၏။-

17. ထို​အ​ရပ်​၌​ရှိ​ကြ​ကုန်​သော​ဣ​သ​ရေ​လ​ပြည် သူ​အ​ပေါင်း​တို့​သည် ပ​သ​ခါ​ပွဲ​တော်​နှင့်​တ​ဆေး မဲ့​မုန့်​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ ကြ​လေ​သည်။-

18-19. ပ​ရော​ဖက်​ရှ​မွေ​လ​လက်​ထက်​မှ​အ​စ​ပြု​၍ အ​ဘယ်​အ​ခါ​၌​မျှ​ပ​သ​ခါ​ပွဲ​တော်​ကို ဤ​ကဲ့ သို့​ကျင်း​ပ​ခဲ့​ဘူး​သည်​မ​ရှိ။ ယော​ရှိ​မင်း​နန်း​စံ တစ်​ဆယ့်​ရှစ်​နှစ်​မြောက်​၌​ယော​ရှိ​မင်း​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ယု​ဒ​ပြည်​သူ​များ၊ ဣ​သ​ရေ​လ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ ကျင်း​ပ ကြ​သည့်​ပ​သ​ခါ​ပွဲ​တော်​မျိုး​ကို​အ​ခြား အ​ဘယ်​ဘု​ရင်​မျှ​မ​ကျင်း​ပ​ခဲ့​ဘူး​ချေ။

20. ယော​ရှိ​မင်း​သည်​ဗိ​မာန်​တော်​အ​တွက်​ဤ​သို့ သော​အ​မှု​အ​ရာ​များ​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ အီ​ဂျစ်​ဘု​ရင်​နေ​ခေါ​သည်​ဥ​ဖ​ရတ်​မြစ်​ပေါ် ရှိ​ခါ​ခေ​မိတ်​မြို့​ကို​တိုက်​ခိုက်​ရန်​ချီ​တက်​လာ လေ​သည်။ ယော​ရှိ​သည်​သူ့​အား​ဆီး​တား​ရန် ချီ​တက်​ရာ၊-

21. နေ​ခေါ​က``အို ယု​ဒ​မင်း၊ ယ​ခု​ကျွန်ုပ်​တိုက်​သည့် စစ်​ပွဲ​သည်​အ​ဆွေ​တော်​နှင့်​မည်​သို့​မျှ​မ​သက် ဆိုင်။ ကျွန်ုပ်​သည်​အ​ဆွေ​တော်​အား​တိုက်​ခိုက်​ရန် လာ​သည်​မ​ဟုတ်။ ကျွန်ုပ်​၏​ရန်​သူ​များ​ကို​တိုက် ခိုက်​ရန်​သာ​လာ​ရောက်​ခြင်း​ဖြစ်​၏။ ဘု​ရား​သ​ခင်​က​ဆော​လျင်​စွာ​တိုက်​ခိုက်​ရန်​ကျွန်ုပ် အား​မိန့်​တော်​မူ​ပါ​၏။ ကျွန်ုပ်​၏​ဘက်​၌​ရှိ တော်​မူ​သော​ဘု​ရား​သ​ခင်​အား​ဆန့်​ကျင် ဘက်​မ​ပြု​ပါ​နှင့်။ သို့​မ​ဟုတ်​လျှင်​ဘု​ရား​သ​ခင်​သည်​အ​ဆွေ​တော်​ကို​သုတ်​သင် ဖျက်​ဆီး​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ယော​ရှိ ထံ​သို့​စေ​တ​မန်​လွှတ်​၍​မှာ​လိုက်​၏။-

22. သို့​ရာ​တွင်​ယော​ရှိ​သည်​စစ်​တိုက်​ရန်​သန္နိ​ဋ္ဌာန် ချ​ထား​ပြီ​ဖြစ်​သ​ဖြင့် မိ​မိ​ကိုယ်​ကို​ရုပ်​ဖျက် ၍​တိုက်​ပွဲ​ဝင်​လေ​သည်။ သူ​သည်​နေ​ခေါ​မင်း အား​ဖြင့်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ကို​နား​မ​ထောင်​ဘဲ​မေ​ဂိဒ္ဒေါ​လွင်​ပြင် ၌​တိုက်​ပွဲဝင်​လေ​၏။

23. တိုက်​ပွဲဝင်​နေ​စဉ်​ယော​ရှိ​သည်​အီ​ဂျစ်​လေး​သည် တော်​တို့​၏​မြား​ချက်​ထိ​မှန်​သ​ဖြင့်``ငါ​သည် ပြင်း​စွာ​ဒဏ်​ရာ​ရ​ပြီ။ ငါ့​အား​ထုတ်​ဆောင် သွား​လော့'' ဟု​မိန့်​တော်​မူ​၏။-

24. သူ​၏​တပ်​သား​တို့​သည်​လည်း​မင်း​ကြီး​ကို​ချီ ကြွ​၍ အ​သင့်​ရှိ​နေ​သော​အ​ခြား​ရ​ထား​တစ် စီး​အ​ပေါ်​သို့​တင်​ပြီး​လျှင်​ယေ​ရု​ရှ​လင်​မြို့ သို့​ယူ​ဆောင်​သွား​ကြ​၏။ မင်း​ကြီး​သည်​ရ​ထား ပေါ်​၌​ပင်​ကွယ်​လွန်​တော်​မူ​သ​ဖြင့် သူ​၏ အ​လောင်း​ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် မင်း​ကြီး ကွယ်​လွန်​သည့်​အ​တွက်​ဝမ်း​နည်း​ပူ​ဆွေး သည့်​အ​ထိမ်း​အ​မှတ်​ကို​ပြု​ကြ​ကုန်​၏။

25. ပ​ရော​ဖက်​ယေ​ရ​မိ​သည်​ယော​ရှိ​မင်း​အ​ကြောင်း ငို​ချင်း​တစ်​ပုဒ်​ကို​ရေး​စပ်​သီ​ကုံး​၍ အ​မျိုး သား​အ​မျိုး​သ​မီး​အ​ဆို​တော်​များ​က​ယော​ရှိ ကွယ်​လွန်​သည့်​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​သည့် အ​ထိမ်း​အ​မှတ်​ပြု​ရာ​တွင်​ဤ​သီ​ချင်း​ကို သီ​ဆို​ကြ​လေ​သည်။ ယင်း​သို့​သီ​ဆို​မှု​မှာ ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ ဖြစ်​လာ​ရာ၊ ထို​ငို​ချင်း​သည်​ငို​ချင်း​ပေါင်း ချုပ်​တွင်​ပါ​ဝင်​လေ​သည်။

26. ထာ​ဝရ​ဘု​ရား​အား​ယော​ရှိ​ဆည်း​ကပ်​ပုံ​နှင့် ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ပုံ​တို့​ကို လည်း​ကောင်း၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 35