27. ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
28. ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
29. ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-
30. ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များ မှစ၍ဆင်းရဲသူချမ်းသာသူအပါအဝင် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့် အတူဗိမာန်တော်သို့ကြွတော်မူ၏။ မင်းကြီး သည်ထိုသူအပေါင်းတို့အားဗိမာန်တော်ထဲ ၌တွေ့ရှိရသောပဋိညာဉ်ကျမ်းစောင်ကို အစအဆုံးဖတ်ပြတော်မူ၏။-
31. သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
32. မင်းကြီးသည်ဗင်္ယာမိန်အနွယ်ဝင်များနှင့် ယေရုရှလင်မြို့တွင်ရှိသမျှသောသူတို့ အားလည်း ပဋိညာဉ်တော်ကိုစောင့်ထိန်းရန် ကတိပြုစေတော်မူ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သူမြို့သားတို့သည်ဘိုးဘေး များ၏ဘုရားသခင်နှင့်မိမိတို့ပြုသည့် ပဋိညာဉ်တော်ပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးကြလေသည်။-