ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 34:24-32 Common Language Bible (BCL)

24. ထာ​ဝရ​ဘု​ရား​ထံ​မှ​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​စေ​၏။ ဗျာ​ဒိတ်​တော်​မှာ``မင်း​ကြီး​အား ဖတ်​ပြ​သည့်​ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့် ကျိန်​စာ​များ​အ​တိုင်း ယေ​ရု​ရှ​လင်​မြို့​နှင့် တ​ကွ​မြို့​သူ​မြို့​သား​အ​ပေါင်း​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​တော်​မူ​မည်။-

25. သူ​တို့​သည်​ငါ့​ကို​ပစ်​ပယ်​၍​အ​ခြား​ဘု​ရား များ​အား​ယဇ်​ပူ​ဇော်​ကြ​လေ​ပြီ။ သို့​ဖြစ်​၍ သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ​သော​အ​မှု များ​အား​ဖြင့် ငါ​၏​အ​မျက်​တော်​ကို​လှုံ့​ဆော် ပေး​ကြ​၏။ ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို အ​မျက်​ထွက်​လျက်​နေ​ပြီ​ဖြစ်​၍ ထို​အ​မျက် ကို​ငြိမ်း​သတ်​ရ​မည်​မ​ဟုတ်။-

26. မင်း​ကြီး​အား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​က `သင်​သည် ပ​ညတ်​ကျမ်း​တွင်​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း လိုက်​နာ​ပေ​သည်။-

27. ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား​အ​ပြစ် ဒဏ်​ခတ်​ရန် ငါ​ကြုံး​ဝါး​သည်​ကို​ကြား​သိ​ရ သော​အ​ခါ သင်​သည်​ငို​ယို​ကာ​မိ​မိ​၏​အ​ဝတ် များ​ကို​ဆုတ်​ပြီး​လျှင်​နောင်​တ​ရ​လျက်​ငါ​၏ ရှေ့​တော်​တွင်​စိတ်​နှ​လုံး​နှိမ့်​ချ​လျက်​နေ​၏။ သို့​ရာ​တွင်​ငါ​သည်​သင်​၏​ဆု​တောင်း​ပတ္ထ​နာ ကို​ကြား​တော်​မူ​ပြီ​ဖြစ်​၍၊-

28. ယေ​ရု​ရှ​လင်​မြို့​အား​ပေး​မည့်​အ​ပြစ်​ဒဏ် ကို​သင်​၏​လက်​ထက်​တွင်​တွေ့​မြင်​ရ​မည် မ​ဟုတ်။ ငါ​သည်​သင့်​အား​ငြိမ်း​ချမ်း​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​မည်' ဟု​မိန့်​တော် မူ​သည်'' ဟူ​၍​ဖြစ်​၏။ သူ​တို့​သည်​ဗျာ​ဒိတ် တော်​ကို​ပြန်​ကြား​ရန်​မင်း​ကြီး​ထံ​သို့ ပြန်​သွား​ကြ​၏။

29. ယော​ရှိ​မင်း​သည်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​ရှိ​ခေါင်း​ဆောင်​များ​ကို​ဆင့်​ခေါ်​ပြီး​လျှင်၊-

30. ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ မှ​စ​၍​ဆင်း​ရဲ​သူ​ချမ်း​သာ​သူ​အ​ပါ​အ​ဝင် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​နှင့် အ​တူ​ဗိ​မာန်​တော်​သို့​ကြွ​တော်​မူ​၏။ မင်း​ကြီး သည်​ထို​သူ​အ​ပေါင်း​တို့​အား​ဗိ​မာန်​တော်​ထဲ ၌​တွေ့​ရှိ​ရ​သော​ပ​ဋိ​ညာဉ်​ကျမ်း​စောင်​ကို အ​စ​အ​ဆုံး​ဖတ်​ပြ​တော်​မူ​၏။-

31. သူ​သည်​ဘု​ရင့်​ကျောက်​တိုင် အ​နီး​တွင်​ရပ်​လျက်``အ​ကျွန်ုပ်​သည်​ကိုယ်​တော် ၏​စ​ကား​တော်​ကို​နား​ထောင်​ပါ​မည်။ ကိုယ် တော်​၏​တ​ရား​တော်​နှင့်​ပ​ညတ်​တော်​တို့​ကို စိတ်​ရော​ကိုယ်​ပါ​စောင့်​ထိန်း​ပါ​မည်။ ကျမ်း စောင်​တော်​တွင်​ရေး​ထား​သည့်​အ​တိုင်း​ပ​ဋိ ညာဉ်​တော်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ပါ​မည်'' ဟု​ထာ​ဝရ ဘု​ရား​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။-

32. မင်း​ကြီး​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​တွင်​ရှိ​သ​မျှ​သော​သူ​တို့ အား​လည်း ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​ရန် က​တိ​ပြု​စေ​တော်​မူ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​နှင့်​မိ​မိ​တို့​ပြု​သည့် ပ​ဋိ​ညာဉ်​တော်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို လိုက်​နာ​ကျင့်​သုံး​ကြ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 34