13. လေဝိအနွယ်ဝင်အချို့တို့သည်ဆောက်လုပ် ရေးပစ္စည်းများသယ်ယူပို့ဆောင်မှုကိုလည်း ကောင်း၊ အချို့တို့ကလုပ်ငန်းခွင်အသီးသီး ရှိအလုပ်သမားတို့အားကြီးကြပ်အုပ် ချုပ်မှုကိုလည်းကောင်း၊ အချို့မှာစာရင်း ထိန်းများသို့မဟုတ်တံခါးစောင့်များအဖြစ် ဖြင့်လည်းကောင်းအမှုထမ်းရကြလေသည်။
14. ပစ္စည်းသိုလှောင်ခန်းမှငွေကိုထုတ်ယူနေစဉ် ဟိလခိသည်မောရှေအား ဘုရားသခင်ပေး အပ်တော်မူခဲ့သည့်ပညတ်တရားတည်းဟူ သော ထာဝရဘုရား၏ပညတ်ကျမ်းကို တွေ့ရှိရ၏။-
15. သို့ဖြစ်၍ယင်းသို့တွေ့ရှိသည့်အကြောင်းကို ရှာဖန်အား ပြောပြပြီးလျှင်ထိုကျမ်းကိုပေး အပ်လိုက်၏။-
16. ရှာဖန်သည်လည်းမင်းကြီးထံသို့ယူသွား ကာ``အကျွန်ုပ်တို့သည်အရှင်စေခိုင်းသမျှ သောအမှုတို့ကိုဆောင်ရွက်ပြီးပါပြီ။-
17. ဗိမာန်တော်တွင်ထားရှိသည့်ငွေကိုလည်းယူ၍ အလုပ်သမားများနှင့်သူတို့အားကြီးကြပ် အုပ်ချုပ်သူတို့၏လက်သို့ ပေးအပ်လိုက်ပါ ပြီ'' ဟုအစီရင်ခံပြီးနောက်၊-
18. ``ဤကျမ်းကိုအကျွှန်ုပ်အားပရောဟိတ်မင်း ဟိလခိကပေးအပ်လိုက်ပါသည်'' ဟုလျှောက် ပြီးလျှင်ကျမ်းကိုကျယ်စွာဖတ်ပြလေ၏။
19. ယင်းသို့ဖတ်ပြသည်ကိုမင်းကြီးကြားသော အခါ မိမိ၏အဝတ်များကိုဆုတ်လေသည်။-
20. သူသည်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ ၏သားအာဗဒုန်၊ စာရေးတော်ရှာဖန်နှင့်သက်တော်စောင့် အာသာယတို့ကိုခေါ်၍၊-
21. ``သင်တို့သည်ထာဝရဘုရားထံတော်သို့သွား ၍ဤကျမ်းတွင်ပါရှိသည့်သွန်သင်ချက် အကြောင်းကို ငါ့အတွက်နှင့်ယုဒပြည်နှင့် ဣသရေလပြည်တွင်ကျန်ရှိနေသေးသော သူတို့အတွက်မေးမြန်းကြလော့။ ငါတို့ ၏ဘိုးဘေးများသည်ထာဝရဘုရား၏ စကားတော်ကိုနားမထောင်ခဲ့ကြ။ ကျမ်း စောင်တွင်ပါရှိသည့်ပြဋ္ဌာန်းချက်များ ကိုမလိုက်နာခဲ့ကြသဖြင့် ထာဝရဘုရားသည်ငါတို့အားအမျက်ထွက် တော်မူပြီ'' ဟုမိန့်တော်မူ၏။
22. မင်းကြီး၏အမိန့်အရဟိလခိနှင့်အချို့ သောသူတို့သည် ယေရုရှလင်မြို့သစ်ပိုင်းတွင် နေထိုင်သူ၊ ဟုလဒအမည်ရှိအမျိုးသမီး ပရောဖက်ထံသို့သွား၍စုံစမ်းမေးမြန်း ကြ၏။ (ထိုအမျိုးသမီး၏ခင်ပွန်း၊ ဟရဟတ် ၏မြေး၊ တိကဝ၏သား၊ ရှလ္လုံသည်ဗိမာန် တော်ဆိုင်ရာဝတ်လုံများကိုထိန်းသိမ်းရ သူဖြစ်သတည်း။) သူတို့သည်ထိုအမျိုး သမီးအားဖြစ်ပျက်သည့်အမှုအရာများ ကိုပြောပြကြ၏။-
23. ထိုအခါအမျိုးသမီးသည်သူတို့အားမင်း ကြီးထံသို့၊-
24. ထာဝရဘုရားထံမှဗျာဒိတ်တော်ကိုပြန် ကြားစေ၏။ ဗျာဒိတ်တော်မှာ``မင်းကြီးအား ဖတ်ပြသည့်ကျမ်းတွင်ရေးသားပါရှိသည့် ကျိန်စာများအတိုင်း ယေရုရှလင်မြို့နှင့် တကွမြို့သူမြို့သားအပေါင်းကိုငါ သုတ်သင်ဖျက်ဆီးတော်မူမည်။-
25. သူတို့သည်ငါ့ကိုပစ်ပယ်၍အခြားဘုရား များအားယဇ်ပူဇော်ကြလေပြီ။ သို့ဖြစ်၍ သူတို့သည်မိမိတို့ပြုသမျှသောအမှု များအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော် ပေးကြ၏။ ငါသည်ယေရုရှလင်မြို့ကို အမျက်ထွက်လျက်နေပြီဖြစ်၍ ထိုအမျက် ကိုငြိမ်းသတ်ရမည်မဟုတ်။-
26. မင်းကြီးအားဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက `သင်သည် ပညတ်ကျမ်းတွင်ဖော်ပြပါရှိသည့်အတိုင်း လိုက်နာပေသည်။-
27. ယေရုရှလင်မြို့သူမြို့သားတို့အားအပြစ် ဒဏ်ခတ်ရန် ငါကြုံးဝါးသည်ကိုကြားသိရ သောအခါ သင်သည်ငိုယိုကာမိမိ၏အဝတ် များကိုဆုတ်ပြီးလျှင်နောင်တရလျက်ငါ၏ ရှေ့တော်တွင်စိတ်နှလုံးနှိမ့်ချလျက်နေ၏။ သို့ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာ ကိုကြားတော်မူပြီဖြစ်၍၊-
28. ယေရုရှလင်မြို့အားပေးမည့်အပြစ်ဒဏ် ကိုသင်၏လက်ထက်တွင်တွေ့မြင်ရမည် မဟုတ်။ ငါသည်သင့်အားငြိမ်းချမ်းစွာ စုတေခွင့်ကိုပေးတော်မူမည်' ဟုမိန့်တော် မူသည်'' ဟူ၍ဖြစ်၏။ သူတို့သည်ဗျာဒိတ် တော်ကိုပြန်ကြားရန်မင်းကြီးထံသို့ ပြန်သွားကြ၏။
29. ယောရှိမင်းသည်ယုဒပြည်နှင့်ယေရုရှလင် မြို့ရှိခေါင်းဆောင်များကိုဆင့်ခေါ်ပြီးလျှင်၊-