ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 34:10-23 Common Language Bible (BCL)

10. ထို​နောက်​ထို​ငွေ​ကို​ဗိ​မာန်​တော်​မွမ်း​မံ​ပြင် ဆင်​မှု​ကြီး​ကြပ်​သူ​သုံး​ဦး​တို့​လက်​သို့ ပေး​အပ်​ကြ​၏။-

11. သူ​တို့​သည်​ထို​ငွေ​ဖြင့်​လက်​သ​မား​နှင့် ဗိ​သု​ကာ​တို့​လက်​သို့​ပေး​အပ်​ရာ​သူ​တို့ က​တစ်​ဖန်​ယု​ဒ​ဘု​ရင်​များ​လျစ်​လူ​ရှု သ​ဖြင့် ယို​ယွင်း​ပျက်​စီး​လျက်​နေ​သော အ​ဆောက်​အ​အုံ​များ​ကို​ပြင်​ဆင်​ရန် ကျောက်​များ​နှင့်​သစ်​သား​များ​ဝယ်​ယူ ကြ​လေ​သည်။-

12. ဤ​အ​လုပ်​ကို​လုပ်​ဆောင်​သူ​တို့​သည်​လုံး​ဝ စိတ်​ချ​ယုံ​ကြည်​ရ​သူ​များ​ဖြစ်​၏။ ထို​သူ​တို့ အား​လေ​ဝိ​အ​နွယ်​ဝင်​မေ​ရာ​ရိ​သား​ချင်း​စု မှ​ယာ​ဟပ်​နှင့်​သြ​ဗ​ဒိ၊ လေ​ဝိ​အ​နွယ်​ဝင် ကော​ဟပ်​သား​ချင်း​စု​မှ​ဇာ​ခ​ရိ​နှင့်​မေ​ရှု​လံ တို့​ကြီး​ကြပ်​အုပ်​ချုပ်​ရ​ကြ​၏။ (လေ​ဝိ အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​ဂီ​တ​ပ​ညာ တွင်​ကျွမ်း​ကျင်​သူ​များ​ဖြစ်​သတည်း။-)

13. လေဝိ​အ​နွယ်​ဝင်​အ​ချို့​တို့​သည်​ဆောက်​လုပ် ရေး​ပစ္စည်း​များ​သယ်​ယူ​ပို့​ဆောင်​မှု​ကို​လည်း ကောင်း၊ အ​ချို့​တို့​က​လုပ်​ငန်း​ခွင်​အ​သီး​သီး ရှိ​အ​လုပ်​သ​မား​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​မှု​ကို​လည်း​ကောင်း၊ အ​ချို့​မှာ​စာ​ရင်း ထိန်း​များ​သို့​မ​ဟုတ်​တံခါး​စောင့်​များ​အ​ဖြစ် ဖြင့်​လည်း​ကောင်း​အ​မှု​ထမ်း​ရ​ကြ​လေ​သည်။

14. ပစ္စည်း​သို​လှောင်​ခန်း​မှ​ငွေ​ကို​ထုတ်​ယူ​နေ​စဉ် ဟိ​လ​ခိ​သည်​မော​ရှေ​အား ဘု​ရား​သ​ခင်​ပေး အပ်​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တ​ရား​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း​ကို တွေ့​ရှိ​ရ​၏။-

15. သို့​ဖြစ်​၍​ယင်း​သို့​တွေ့​ရှိ​သည့်​အ​ကြောင်း​ကို ရှာ​ဖန်​အား ပြော​ပြ​ပြီး​လျှင်​ထို​ကျမ်း​ကို​ပေး အပ်​လိုက်​၏။-

16. ရှာ​ဖန်​သည်​လည်း​မင်း​ကြီး​ထံ​သို့​ယူ​သွား ကာ``အ​ကျွန်ုပ်​တို့​သည်​အ​ရှင်​စေ​ခိုင်း​သ​မျှ သော​အ​မှု​တို့​ကို​ဆောင်​ရွက်​ပြီး​ပါ​ပြီ။-

17. ဗိ​မာန်​တော်​တွင်​ထား​ရှိ​သည့်​ငွေ​ကို​လည်း​ယူ​၍ အ​လုပ်​သ​မား​များ​နှင့်​သူ​တို့​အား​ကြီး​ကြပ် အုပ်​ချုပ်​သူ​တို့​၏​လက်​သို့ ပေး​အပ်​လိုက်​ပါ ပြီ'' ဟု​အ​စီ​ရင်​ခံ​ပြီး​နောက်၊-

18. ``ဤ​ကျမ်း​ကို​အ​ကျွှန်ုပ်​အား​ပ​ရော​ဟိတ်​မင်း ဟိ​လ​ခိ​က​ပေး​အပ်​လိုက်​ပါ​သည်'' ဟု​လျှောက် ပြီး​လျှင်​ကျမ်း​ကို​ကျယ်​စွာ​ဖတ်​ပြ​လေ​၏။

19. ယင်း​သို့​ဖတ်​ပြ​သည်​ကို​မင်း​ကြီး​ကြား​သော အ​ခါ မိ​မိ​၏​အ​ဝတ်​များ​ကို​ဆုတ်​လေ​သည်။-

20. သူ​သည်​ဟိ​လ​ခိ၊ ရှာ​ဖန်​၏​သား​အ​ဟိ​ကံ၊ မိက္ခာ ၏​သား​အာ​ဗ​ဒုန်၊ စာ​ရေး​တော်​ရှာ​ဖန်​နှင့်​သက်​တော်​စောင့် အာ​သာ​ယ​တို့​ကို​ခေါ်​၍၊-

21. ``သင်​တို့​သည်​ထာ​ဝရ​ဘုရား​ထံ​တော်​သို့​သွား ၍​ဤ​ကျမ်း​တွင်​ပါ​ရှိ​သည့်​သွန်​သင်​ချက် အ​ကြောင်း​ကို ငါ့​အ​တွက်​နှင့်​ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တွင်​ကျန်​ရှိ​နေ​သေး​သော သူ​တို့​အ​တွက်​မေး​မြန်း​ကြ​လော့။ ငါ​တို့ ၏​ဘိုး​ဘေး​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ စ​ကား​တော်​ကို​နား​မ​ထောင်​ခဲ့​ကြ။ ကျမ်း စောင်​တွင်​ပါ​ရှိ​သည့်​ပြ​ဋ္ဌာန်း​ချက်​များ ကို​မ​လိုက်​နာ​ခဲ့​ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​ငါ​တို့​အား​အ​မျက်​ထွက် တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။

22. မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဟိ​လ​ခိ​နှင့်​အ​ချို့ သော​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သစ်​ပိုင်း​တွင် နေ​ထိုင်​သူ၊ ဟု​လ​ဒ​အ​မည်​ရှိ​အ​မျိုး​သ​မီး ပ​ရော​ဖက်​ထံ​သို့​သွား​၍​စုံ​စမ်း​မေး​မြန်း ကြ​၏။ (ထို​အ​မျိုး​သ​မီး​၏​ခင်​ပွန်း၊ ဟ​ရ​ဟတ် ၏​မြေး၊ တိ​က​ဝ​၏​သား၊ ရှလ္လုံ​သည်​ဗိ​မာန် တော်​ဆိုင်​ရာ​ဝတ်​လုံ​များ​ကို​ထိန်း​သိမ်း​ရ သူ​ဖြစ်​သ​တည်း။) သူ​တို့​သည်​ထို​အ​မျိုး သ​မီး​အား​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​များ ကို​ပြော​ပြ​ကြ​၏။-

23. ထို​အ​ခါ​အ​မျိုး​သ​မီး​သည်​သူ​တို့​အား​မင်း ကြီး​ထံ​သို့၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 34