ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 34:1-9 Common Language Bible (BCL)

1. ယော​ရှိ​သည်​အ​သက်​ရှစ်​နှစ်​ရှိ​သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​တစ်​နှစ်​နန်း​စံ​ရ လေ​သည်။-

2. သူ​သည်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​မှု​တို့​ကို​ပြု​၏။ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ် မင်း​၏​စံ​န​မူ​နာ​ကို​ယူ​၍​ဘု​ရား​သ​ခင်​၏ တ​ရား​တော်​ရှိ​သ​မျှ​ကို​တိ​ကျ​စွာ​လိုက် နာ​ကျင့်​သုံး​၏။

3. ယော​ရှိ​သည်​နန်း​စံ​ရှစ်​နှစ်​မြောက်​၌​အ​သက် အ​ရွယ်​အ​လွန်​နု​နယ်​လျက်​ပင်​ရှိ​နေ​သေး​စဉ် အ​ခါ မိ​မိ​၏​ဘေး​တော်​ဒါ​ဝိဒ်​မင်း​၏​ဘု​ရား​သ​ခင်​ကို​စ​တင်​ဆည်း​ကပ်​လေ​သည်။ နောက် လေး​နှစ်​မျှ​ကြာ​သော​အ​ခါ​သူ​သည်​ရုပ်​တု ကိုး​ကွယ်​ရာ​ဌာ​န​များ၊ အာ​ရှ​ရ​ဘု​ရား​မ ၏​တံ​ခွန်​တိုင်​များ​နှင့်​အ​ခြား​ရုပ်​တု​ရှိ သ​မျှ​တို့​ကို​ဖျက်​ဆီး​လေ​သည်။-

4. သူ​၏​ညွှန်​ကြား​ချက်​အ​ရ​မင်း​ချင်း​တို့​သည် ဗာ​လ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ယဇ် ပလ္လင်​များ​ကို​ချိုး​ဖဲ့​ချေ​မှုန်း​ပြီး​လျှင် ထို ယဇ်​ပလ္လင်​များ​တွင်​ယဇ်​ပူ​ဇော်​ခဲ့​ကြ​သူ တို့​၏​သင်္ချိုင်း​များ​အ​ပေါ်​တွင်​ကြဲ​ဖြန့် ကြ​၏။-

5. မင်း​ကြီး​သည်​ရုပ်​တု​ကိုး​ကွယ်​သူ​ယဇ် ပု​ရော​ဟိတ်​တို့​၏​အ​ရိုး​များ​ကို​သူ​တို့​၏ ယဇ်​ပလ္လင်​များ​ပေါ်​တင်​၍​မီး​ရှို့​စေ​၏။ ဤ သို့​ပြု​ခြင်း​အား​ဖြင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု ရှ​လင်​မြို့​တို့​ကို​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​မှု​ကို​ပြန်​လည်​ရ​ရှိ​စေ တော်​မူ​၏။-

6. သူ​သည်​မ​နာ​ရှေ​နယ်​မြေ၊ ဧ​ဖ​ရိမ်​နယ်​မြေ၊ ရှိ​မောင်​နယ်​မြေ​နှင့်​မြောက်​ဘက်​ရှိ​န​ဿ​လိ နယ်​မြေ​တိုင်​အောင်​အ​ရပ်​ရပ်​ရှိ​မြို့​များ​နှင့် ပျက်​စီး​သော​အ​ရပ်​များ​၌​လည်း​ဤ​နည်း အ​တိုင်း​ပြု​တော်​မူ​၏။-

7. မြောက်​ဘက်​နိုင်​ငံ​တစ်​လျှောက်​လုံး​၌​ယဇ်​ပလ္လင် များ​နှင့်​တံ​ခွန်​တိုင်​များ​ကို​ဖြို​ဖျက်​တော် မူ​၏။ ရုပ်​တု​များ​ကို​ညက်​ညက်​ချေ​၍​နံ့​သာ ပေါင်း​မီး​ရှို့​ရာ​ယဇ်​များ​ကို​လည်း​အ​ပိုင်း ပိုင်း​ချိုး​ဖဲ့​ပြီး​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် တော်​မူ​၏။

8. ယော​ရှိ​သည်​မိ​မိ​နန်း​စံ​တစ်​ဆယ့်​ရှစ်​နှစ် မြောက်​၌​တိုင်း​ပြည်​နှင့် ဗိ​မာန်​တော်​ကို​ရုပ်​တု ကိုး​ကွယ်​ဝတ်​ပြု​မှု​နှင့်​ကင်း​ရှင်း​သန့်​စင် အောင်​ပြု​ပြီး​နောက်​အာ​ဇ​လိ​၏​သား​ရှာ​ဖန်၊ ယေ​ရု​ရှ​လင်​ဘု​ရင်​ခံ​မာ​သေ​ယ​နှင့်​ယော ခတ်​၏​သား​အ​တွင်း​ဝန်​ယော​အာ​တို့​အား ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​တွက်​စေ လွှတ်​တော်​မူ​၏။-

9. (ဧ​ဖ​ရိမ်၊ မ​နာ​ရှေ​နှင့်​အ​ခြား​မြောက်​ဘက် နိုင်​ငံ​သား​များ​ထံ​မှ​လည်း​ကောင်း၊ ယု​ဒ နိုင်​ငံ​သား​များ၊ ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​များ​ထံ​မှ လည်း​ကောင်း) ဗိ​မာန်​တော်​တွင်​လေ​ဝိ​အ​နွယ် ဝင်​တံ​ခါး​စောင့်​များ​ကောက်​ခံ​ရ​ရှိ​သော ငွေ​ကို​ယဇ်​ပု​ရော​ဟိတ်​မင်း​ဟိ​လ​ခိ​အား ပေး​အပ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 34