ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 32:20-33 Common Language Bible (BCL)

20. ထို​အ​ခါ​ဟေ​ဇ​ကိ​မင်း​နှင့်​အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည် ဘု​ရား​သ​ခင်​ထံ တော်​သို့​ကယ်​မ​တော်​မူ​ရန်​ဟစ်​လျက်​ပတ္ထ​နာ ပြု​ကြ​လေ​သည်။-

21. ထာ​ဝရ​ဘု​ရား​သည်​ကောင်း​ကင်​တ​မန်​ကို စေ​လွှတ်​၍ အာ​ရှု​ရိ​တပ်​သား​များ​နှင့်​တပ်​မ တော်​အ​ရာ​ရှိ​များ​အား​သုတ်​သင်​ပယ်​ရှင်း စေ​တော်​မူ​၏။ ဧ​က​ရာဇ်​မင်း​သည်​အ​ရှက်​ကွဲ လျက်​အာ​ရှု​ရိ​ပြည်​သို့​ပြန်​တော်​မူ​၏။ တစ် နေ့​သ​၌​သူ​သည်​မိ​မိ​ဘု​ရား​၏​ဗိ​မာန် တော်​၌​ရှိ​နေ​စဉ် သား​တော်​အ​ချို့​တို့​သည် သူ့​အား​ဋ္ဌား​ဖြင့်​လုပ်​ကြံ​ကြ​လေ​သည်။

22. ဤ​နည်း​အား​ဖြင့်​ထာ​ဝရ​ဘု​ရား​သည်​ဟေ ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့ အား အာ​ရှု​ရိ​ဧ​က​ရာဇ်​သ​နာ​ခ​ရိပ်​၏​လက် မှ​လည်း​ကောင်း၊ အ​ခြား​ရန်​သူ​များ​၏​လက် မှ​လည်း​ကောင်း​ကယ်​တော်​မူ​၍​ပတ်​ဝန်း​ကျင် နိုင်​ငံ​များ​နှင့်​ငြိမ်း​ချမ်း​မှု​ကို​ပေး​တော်​မူ​၏။-

23. လူ​အ​မြောက်​အ​မြား​ပင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပူ​ဇော်​သ​ကာ​များ​နှင့် ဟေ​ဇ​ကိ မင်း​အ​တွက်​လက်​ဆောင်​များ​ကို​ယေ​ရု​ရှ​လင် မြို့​သို့​ယူ​ဆောင်​လာ​ကြ​၏။ ထို​ကာ​လ​မှ အ​စ​ပြု​၍​ဟေ​ဇ​ကိ​သည်​နိုင်​ငံ​တ​ကာ တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ​ရေ​ကြီး​မြင့်​လေ​၏။

24. ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင်​ဟေ​ဇ​ကိ​သည် သေ​လု​နီး​ပါး​ဖျား​နာ​သ​ဖြင့် ဆု​တောင်း​ပတ္ထ နာ​ပြု​တော်​မူ​၏။ ထာ​ဝရ​ဘု​ရား​သည်​သူ​ပြန် လည်​ကျန်း​မာ​လာ​မည့်​နိ​မိတ်​ကို​ပြ​တော်​မူ​၏။-

25. သို့​ရာ​တွင်​ဟေ​ဇ​ကိ​မင်း​သည်​မာန်​မာ​န​ရှိ သ​ဖြင့် ခံ​စား​ရ​သော​ကျေး​ဇူး​တော်​အ​တွက် ကျေး​ဇူး​တော်​ကို​မ​ချီး​မွမ်း။ ထို​ကြောင့်​ယု​ဒ ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့ သည်​အ​မျက်​တော်​ဒဏ်​ကို​ခံ​ရ​ကြ​လေ​သည်။-

26. နောက်​ဆုံး​တွင်​ဟေ​ဇ​ကိ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​တို့​သည်​နှိမ့်​ချ​သော​စိတ်​ရှိ​လာ ကြ​သ​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ဇ​ကိ ၏​လက်​ထက်​ကာ​လ​တွင်​ပြည်​သူ​တို့​အား အ​ပြစ်​ဒဏ်​ခတ်​တော်​မ​မူ။

27. ဟေ​ဇ​ကိ​သည်​လွန်​စွာ​ချမ်း​သာ​ကြွယ်​ဝ​လာ ပြီး​လျှင် လူ​အ​ပေါင်း​တို့​၏​ရှေ့​တွင်​ဂုဏ်​အ​သ ရေ​ကြီး​မြင့်​လေ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​များ၊ နံ့​သာ​မျိုး​များ၊ ဒိုင်း​လွှား​များ နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ​သို​လှောင် ရန်​တိုက်​များ​ကို​တည်​ဆောက်​တော်​မူ​၏။-

28. စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံလွင်​ဆီ​အ​တွက်​ကုန် လှောင်​ရုံ​များ၊ မိ​မိ​၏​ကျွဲ​နွား​များ​အ​တွက် တင်း​ကုပ်​များ၊ သိုး​များ​အ​တွက်​ခြံ​များ ကို​လည်း​တည်​ဆောက်​တော်​မူ​၏။-

29. ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဤ​အ​ရာ များ​အ​ပြင်​သိုး​နွား​များ​နှင့်​အ​ခြား​ပစ္စည်း ဥစ္စာ​အ​မြောက်​အ​မြား​ကို​လည်း​ပေး​သ​နား တော်​မူ​သ​ဖြင့် သူ​သည်​မြောက်​မြား​စွာ​သော မြို့​တို့​ကို​တည်​ထောင်​တော်​မူ​၏။-

30. ဂိ​ဟုန်​စမ်း​မှ​ရေ​စီး​ကြောင်း​ကို​ပိတ်​ဆို့​လိုက် ပြီး​လျှင်​ဥ​မင်​လိုဏ်​ခေါင်း​တူး​၍ ယေ​ရု​ရှ​လင် မြို့​တံ​တိုင်း​အ​တွင်း​သို့​ရေ​ကို​သွယ်​သူ​မှာ ဟေ​ဇ​ကိ​ပင်​ဖြစ်​၏။ ဟေ​ဇ​ကိ​သည်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​တွင်​အောင်​မြင်​တော်​မူ သည်။-

31. တိုင်း​ပြည်​တွင်​ဖြစ်​ပွား​ခဲ့​သော​အံ့​ဖွယ်​အ​မှု ကို​စုံ​စမ်း​ရန်​ဗာ​ဗု​လုန်​သံ​တ​မန်​များ​လာ ရောက်​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​သည်​ဟေ ဇ​ကိ​၏​သ​ဘော​ကို​စမ်း​သပ်​သိ​ရှိ​နိုင်​ရန်​သူ ပြု​လို​သည့်​အ​တိုင်း​ပြု​နိုင်​ခွင့်​ကို​ပေး​တော် မူ​၏။

32. ဟေ​ဇ​ကိ​မင်း​လုပ်​ဆောင်​ခဲ့​သော​အ​ခြား အ​မှု​အ​ရာ​ရှိ​သ​မျှ​နှင့်​ထာ​ဝရ​ဘု​ရား အား​ဆည်း​ကပ်​ပုံ​တို့​ကို အာ​မုတ်​၏​သား ပ​ရော​ဖက်​ဟေ​ရှာ​ယ​၏​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကျမ်း၊ ယု​ဒ​ရာ​ဇ​ဝင်​နှင့်​ဣသ​ရေ​လ​ရာ​ဇ​ဝင် တွင်​ရေး​ထား​သ​တည်း။-

33. ဟေ​ဇ​ကိ​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို​ဘု​ရင်​များ​၏​သင်္ချိုင်း​အ​ထက်​ပိုင်း​တွင်​သင်္ဂြိုဟ် ကြ​၏။ သူ​ကွယ်​လွန်​ချိန်​၌​ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည်​သူ့​အား အ​ထူး​ဂုဏ်​ပြု​ကြ​၏။ သား​တော်​မ​နာ​ရှေ သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 32