ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:6-14 Common Language Bible (BCL)

6. မင်း​ကြီး​နှင့်​မှူး​မတ်​များ​၏​အ​မိန့်​အ​ရ စေ​တ​မန်​တို့​သည် ဖိတ်​စာ​များ​ယူ​ဆောင် လျက်​ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ရောက်​ကြ​၏။ဖိတ်​စာ​တွင်``အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည်​အာ​ရှု​ရိ​မင်း​၏​လက်​မှ​လွတ် မြောက်​၍​မ​သေ​ဘဲ​ကျန်​ခဲ့​ကြ​လေ​ပြီ။ အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ ကိုယ်​တော်​သည်​လည်း​သင်​တို့​ထံ သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​လိမ့်​မည်။

7. သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သစ္စာ​ဖောက်​သူ​ဘိုး​ဘေး​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​မ​ပြု ကြ​နှင့်။ သင်​တို့​သိ​ရှိ​ကြ​သည့်​အ​တိုင်း ကိုယ် တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ခဲ့​၏။-

8. သင်​တို့​သည်​သူ​တို့​ကဲ့​သို့​ခေါင်း​မ​မာ​ကြ နှင့်။ ထာ​ဝရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထာ​ဝ​စဉ်​သီး​သန့် ထား​တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန် တော်​သို့​လာ​၍ ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​မျက်​ထွက်​တော်​မူ တော့​မည်​မ​ဟုတ်။-

9. သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​ထံ​တော်​သို့ ပြန်​လာ​ကြ​လျှင် သင်​တို့​၏​ဆွေ​မျိုး​သား ချင်း​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့် ဖမ်း​ဆီး ခေါ်​ဆောင်​သွား​သူ​တို့​သည်​သူ​တို့​အား သ​နား​၍​နေ​ရင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​ကြ လိမ့်​မည်။ သင်​တို့​ဘု​ရား​သခင်​ထာ​ဝရ​ဘု​ရား သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​ထား တော်​မူ​တတ်​၏။ သင်​တို့​သည်​အ​ထံ​တော် သို့​ပြန်​လာ​ကြ​လျှင်​ကိုယ်​တော်​သည်​သင် တို့​အား​လက်​ခံ​တော်​မူ​ပေ​အံ့'' ဟု​ရေး သား​ဖော်​ပြ​ထား​သ​တည်း။

10. စေ​တ​မန်​တို့​သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် များ​၏​နယ်​မြေ​များ​မြို့​ရှိ​သ​မျှ​နှင့် မြောက်​ဘက် ဇာ​ဗု​လုန်​နယ်​မြေ​သို့​သွား​ရောက်​ကြ​သော်​လည်း လူ​တို့​သည်​သူ​တို့​အား​ပြက်​ရယ်​ပြု​ကာ​ပြောင် လှောင်​ကြ​လေ​သည်။-

11. သို့​သော်​အာ​ရှာ၊ မ​နာ​ရှေ​နှင့်​ဇာ​ဗု​လုန်​အနွယ် ဝင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​မူ​ကား ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​၏။-

12. ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။

13. ဒု​တိ​ယ​လ​၌​များ​စွာ​သော​လူ​တို့​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​၏။-

14. သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30