ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:22-27 Common Language Bible (BCL)

22. ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

23. နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-

24. ဟေ​ဇ​ကိ​မင်း​သည်​လူ​တို့​စား​ရန်​အ​တွက် နွား ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​ခု​နစ်​ထောင် ကို​ပေး​လှူ​တော်​မူ​၏။ မှူး​မတ်​များ​က​လည်း နွား​ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​တစ် သောင်း​ကို​ပေး​လှူ​ကြ​လေ​သည်။ ယဇ်​ပု​ရော ဟိတ်​အ​မြောက်​အ​မြား​ပင်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​ကုန်​၏။-

25. သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ လေဝိ​အ​နွယ်​ဝင်​များ၊ မြောက်​အ​ရပ်​မှ​လာ ရောက်​ကြ​သူ​များ၊ ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​သူ လူ​မျိုး ခြား​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​လေ​သည်။-

26. ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဒါ​ဝိဒ် ၏​သား​တော်​ရှော​လ​မုန်​မင်း​လက်​ထက်​မှ​စ​၍ ယ​နေ့​တိုင်​အောင်​ဤ​သို့​သော​ပွဲ​မျိုး​ကို​မ​ကျင်း ပ​ဘူး​ကြ​သ​ဖြင့်​အ​တိုင်း​ထက်​အ​လွန် ဝမ်း​မြောက်​ကြ​ကုန်​၏။-

27. ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ်​ဝင်​တို့ သည်​ပြည်​သူ​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​ထံ တော်​မှ​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​လျှောက် ကြ​သ​ဖြင့် ထာ​ဝရ​ဘု​ရား​သည်​စံ​တော်​မူ​ရာ ကောင်း​ကင်​ဘုံ​မှ​သူ​တို့​၏​ပတ္ထ​နာ​ကို​နား ညောင်း​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30