ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:1-3-12 Common Language Bible (BCL)

1-3. ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ပြု​ပြီး သူ ယဇ်​ပု​ရော​ဟိတ်​အ​ရေ​အ​တွက်​လုံ​လောက် အောင်​မ​ရှိ​သော​ကြောင့်​လည်း​ကောင်း၊ ယေ​ရု ရှ​လင်​မြို့​သို့​လာ​ရောက်​စု​ဝေး​သူ​တို့​သည် မ​များ​သော​ကြောင့်​လည်း​ကောင်း၊ ပြည်​သူ တို့​သည်​ပ​သ​ခါ​ပွဲ​တော်​ကို ကျင်း​ပ​မြဲ ဖြစ်​သည့်​ပ​ထ​မ​လ​တွင်​မ​ကျင်း​ပ​နိုင် ကြ​ချေ။ ထို​ကြောင့်​ဟေ​ဇ​ကိ​မင်း​နှင့် တ​ကွ မှူး​မတ်​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သူ​မြို့​သား​အ​ပေါင်း​တို့​သည် ထို​ပွဲ​တော် ကို​ဒု​တိ​ယ​လ​၌​ကျင်း​ပ​ရန်​သ​ဘော တူ​ကြ​လေ​သည်။ ထို​နောက်​မင်း​ကြီး​သည် ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ရှိ လူ အ​ပေါင်း​တို့​ထံ​သို့​အ​ကြောင်း​ကြား​တော် မူ​၏။ သူ​သည်​ဧ​ဖ​ရိမ်​အ​နွယ်​နှင့်​မ​နာ​ရှေ အ​နွယ်​တို့​အား​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​သည့်​အ​နေ​ဖြင့် ပ​သ​ခါ​ပွဲ​တော်​ကို​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန်​တော်​သို့​လာ ရောက်​ကြ​ရန်​အ​ထူး​ဂ​ရု​ပြု​၍ ဖိတ် ကြား​စာ​များ​ပေး​ပို့​တော်​မူ​လေ​သည်။-

4. မင်း​ကြီး​နှင့်​ပြည်​သူ​တို့​သည်​မိ​မိ​တို့ အ​ကြံ​အ​စည်​ကို​နှစ်​သက်​ကြ​သ​ဖြင့်၊-

5. ပ​ညတ်​တ​ရား​တော်​နှင့်​အ​ညီ​ပ​သ​ခါ​ပွဲ တော်​ကို ယ​ခင်​အ​ခါ​များ​ထက်​ပို​မို​စည် ကား​စွာ​ကျင်း​ပ​နိုင်​ရန်​မြောက်​ဘက်​ရှိ​ဒန် မြို့​မှ တောင်​ဘက်​ရှိ​ဗေ​ရ​ရှေ​ဗ​မြို့​တိုင် အောင်​ရှိ​သ​မျှ​သော ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​အား​ယေ​ရု​ရှ​လင် မြို့​သို့​ဖိတ်​ခေါ်​၏။-

6. မင်း​ကြီး​နှင့်​မှူး​မတ်​များ​၏​အ​မိန့်​အ​ရ စေ​တ​မန်​တို့​သည် ဖိတ်​စာ​များ​ယူ​ဆောင် လျက်​ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည် တစ်​လျှောက်​လုံး​သို့​သွား​ရောက်​ကြ​၏။ဖိတ်​စာ​တွင်``အို ဣသ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည်​အာ​ရှု​ရိ​မင်း​၏​လက်​မှ​လွတ် မြောက်​၍​မ​သေ​ဘဲ​ကျန်​ခဲ့​ကြ​လေ​ပြီ။ အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ ကြ​လော့။ ကိုယ်​တော်​သည်​လည်း​သင်​တို့​ထံ သို့​ပြန်​လည်​ကြွ​လာ​တော်​မူ​လိမ့်​မည်။

7. သင်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သစ္စာ​ဖောက်​သူ​ဘိုး​ဘေး​များ​နှင့်​အ​ခြား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​မ​ပြု ကြ​နှင့်။ သင်​တို့​သိ​ရှိ​ကြ​သည့်​အ​တိုင်း ကိုယ် တော်​သည် ထို​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ် တော်​မူ​ခဲ့​၏။-

8. သင်​တို့​သည်​သူ​တို့​ကဲ့​သို့​ခေါင်း​မ​မာ​ကြ နှင့်။ ထာ​ဝရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား ထောင်​ကြ​လော့။ သင်​တို့​သည်​သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထာ​ဝ​စဉ်​သီး​သန့် ထား​တော်​မူ​သော​ယေ​ရု​ရှ​လင်​မြို့​ဗိ​မာန် တော်​သို့​လာ​၍ ကိုယ်​တော်​အား​ကိုး​ကွယ် ဝတ်​ပြု​ကြ​လော့။ သို့​ပြု​လျှင်​ကိုယ်​တော် သည်​သင်​တို့​အား​အ​မျက်​ထွက်​တော်​မူ တော့​မည်​မ​ဟုတ်။-

9. သင်​တို့​သည်​ထာ​ဝရ​ဘု​ရား​၏​ထံ​တော်​သို့ ပြန်​လာ​ကြ​လျှင် သင်​တို့​၏​ဆွေ​မျိုး​သား ချင်း​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့် ဖမ်း​ဆီး ခေါ်​ဆောင်​သွား​သူ​တို့​သည်​သူ​တို့​အား သ​နား​၍​နေ​ရင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​ကြ လိမ့်​မည်။ သင်​တို့​ဘု​ရား​သခင်​ထာ​ဝရ​ဘု​ရား သည်​သ​နား​ကြင်​နာ​၍ က​ရု​ဏာ​ထား တော်​မူ​တတ်​၏။ သင်​တို့​သည်​အ​ထံ​တော် သို့​ပြန်​လာ​ကြ​လျှင်​ကိုယ်​တော်​သည်​သင် တို့​အား​လက်​ခံ​တော်​မူ​ပေ​အံ့'' ဟု​ရေး သား​ဖော်​ပြ​ထား​သ​တည်း။

10. စေ​တ​မန်​တို့​သည်​ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် များ​၏​နယ်​မြေ​များ​မြို့​ရှိ​သ​မျှ​နှင့် မြောက်​ဘက် ဇာ​ဗု​လုန်​နယ်​မြေ​သို့​သွား​ရောက်​ကြ​သော်​လည်း လူ​တို့​သည်​သူ​တို့​အား​ပြက်​ရယ်​ပြု​ကာ​ပြောင် လှောင်​ကြ​လေ​သည်။-

11. သို့​သော်​အာ​ရှာ၊ မ​နာ​ရှေ​နှင့်​ဇာ​ဗု​လုန်​အနွယ် ဝင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​မူ​ကား ယေ​ရု​ရှ​လင်​မြို့​သို့​လာ​ရောက်​ကြ​၏။-

12. ထို​အ​ပြင်​မင်း​ကြီး​နှင့်​မှူး​မတ်​တို့​ထုတ်​ပြန် ကြေ​ညာ​သည့်​အ​မိန့်​များ​ကို​လိုက်​နာ​သော အား​ဖြင့် လူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း အ​လို​တော်​ကို​လိုက်​လျှောက်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ယု​ဒ​ပြည်​သူ​တို့​၏​စိတ်​ကို​ပြု ပြင်​ပေး​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30