ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 30:13-25 Common Language Bible (BCL)

13. ဒု​တိ​ယ​လ​၌​များ​စွာ​သော​လူ​တို့​သည် တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျင်း​ပ​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​ကြ​၏။-

14. သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ရှိ​ယဇ်​များ​ပူ ဇော်​ရာ​နှင့် နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ယဇ်​ပလ္လင်​ရှိ သ​မျှ​ကို​ယူ​၍​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ပစ် ချ​လိုက်​ကြ​၏။ လ​ဆန်း​တစ်​ဆယ့်​လေး​ရက် နေ့​၌​သူ​တို့​သည် ပ​သ​ခါ​ယဇ်​ပူ​ဇော်​ရန် အ​တွက်​သိုး​များ​ကို​သတ်​ကြ​လေ​သည်။-

15. ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​မ​ပြု ခဲ့​သူ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင် တို့​သည် လွန်​စွာ​အ​ရှက်​ရ​၍ မိ​မိ​တို့​ကိုယ်​ကို ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ကြ​သ​ဖြင့် ယ​ခု အ​ခါ​ဗိ​မာန်​တော်​တွင်​မီး​ရှို့​ရာ​ယဇ်​များ​ကို ပူ​ဇော်​နိုင်​ကြ​၏။-

16. သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ စီ​ရင်​သည့်​ပ​ညတ်​ကျမ်း​တွင် ဖော်​ပြ​ပါ​ရှိ​သည့် ပြ​ဋ္ဌာန်း​ချက်​များ​နှင့်​အ​ညီ​ဗိ​မာန်​တော်​တွင် နေ​ရာ​ယူ​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​က ယဇ်​ကောင်​များ​၏​သွေး​ကို​ယဇ်​ပု​ရော​ဟိတ် တို့​အား​ပေး​အပ်​၍ ယဇ်​ပု​ရော​ဟိတ်​တို့​က ထို​သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း ကြ​လေ​သည်။-

17. လူ​အ​မြောက်​အ​မြား​ပင်​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​များ​ဖြစ်​သ​ဖြင့် ပ​သ​ခါ သိုး​တို့​ကို​မ​သတ်​နိုင်​ကြ။ သို့​ဖြစ်​၍​သူ​တို့​ကိုယ် စား​လေဝိ​အ​နွယ်​ဝင်​များ​က​သိုး​တို့​ကို​သတ် ပြီး​လျှင် ထာ​ဝရ​ဘု​ရား​အား​ဆက်​ကပ်​ပူ​ဇော် ပေး​ကြ​၏။-

18. ဧ​ဖ​ရိမ်၊ မ​နာ​ရှေ၊ ဣ​သ​ခါ​နှင့်​ဇာ​ဗု​လုန်​နွယ် ဝင်​အ​မြောက်​အ​မြား​မှာ​လည်း​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​မ​ပြု​ဘဲ​ပ​သ​ခါ ပွဲ​တော်​သို့​ဝင်​ရောက်​ဆင်​နွှဲ​ကြ​သူ​များ​ဖြစ် ပေ​သည်။ ထို​သူ​တို့​အ​တွက်​ဟေ​ဇ​ကိ​မင်း​က၊-

19. ``အို အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား၊ ထို​သူ​တို့​မှာ​သန့်​စင်​မှု မ​ရှိ​သော်​လည်း​ကိုယ်​တော်​အား စိတ်​စွမ်း​ရှိ သ​မျှ​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​သူ​များ​ဖြစ်​သ​ဖြင့် ကောင်း​မြတ်​သော​အ​ရှင်​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ​သူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော် မူ​ပါ'' ဟု​ပတ္ထ​နာ​ပြု​တော်​မူ​၏။-

20. ထာ​ဝရ​ဘု​ရား​သည်​မင်း​ကြီး​၏​လျှောက်​ထား ချက်​ကို​နား​ညောင်း​တော်​မူ​လေ​သည်။ ကိုယ်​တော် သည်​လူ​တို့​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​တော်​မူ​၍ သူ​တို့​အား​ဘေး​ဥ​ပဒ်​ရောက်​စေ​တော်​မ​မူ။-

21. ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး​လျက်​နေ​သော လူ​တို့​သည် အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ခု​နစ်​ရက်​တိုင်​တိုင်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော် ကို​ကျင်း​ပ​ကြ​ကုန်​၏။ လေ​ဝိ​အ​နွယ်​ဝင် များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​တစ်​နေ့​ပြီး တစ်​နေ့ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​အ​စွမ်း ကုန်​ချီး​မွမ်း​ကြ​လေ​သည်။-

22. ထာ​ဝရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု​ကို ကျွမ်း​ကျင်​စွာ​စီ​စဉ်​ဆောင်​ရွက်​ပေး​သည့် အ​တွက် ဟေ​ဇ​ကိ​မင်း​သည်​လေဝိ​အ​နွယ် ဝင်​တို့​ကို​ချီး​ကူး​တော်​မူ​၏။သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား ထော​မ​နာ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ယဇ်​ပူ​ဇော်​ကြ​ပြီး​သော အ​ခါ၊-

23. နောက်​ထပ်​ခု​နစ်​ရက်​ကျင်း​ပ​ရန်​ဆုံး​ဖြတ်​ကြ လျက် ထို​ပွဲ​တော်​ကို​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ဆက်​လက်​ကျင်း​ပ​ကြ​ကုန်​၏။-

24. ဟေ​ဇ​ကိ​မင်း​သည်​လူ​တို့​စား​ရန်​အ​တွက် နွား ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​ခု​နစ်​ထောင် ကို​ပေး​လှူ​တော်​မူ​၏။ မှူး​မတ်​များ​က​လည်း နွား​ကောင်​ရေ​တစ်​ထောင်​နှင့်​သိုး​ကောင်​ရေ​တစ် သောင်း​ကို​ပေး​လှူ​ကြ​လေ​သည်။ ယဇ်​ပု​ရော ဟိတ်​အ​မြောက်​အ​မြား​ပင်​ဘာ​သာ​ရေး ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​ကုန်​၏။-

25. သို့​ဖြစ်​၍​ယု​ဒ​ပြည်​သူ​များ၊ ယဇ်​ပု​ရော​ဟိတ် များ၊ လေဝိ​အ​နွယ်​ဝင်​များ၊ မြောက်​အ​ရပ်​မှ​လာ ရောက်​ကြ​သူ​များ၊ ဣသ​ရေ​လ​ပြည်​နှင့်​ယု​ဒ ပြည်​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​သူ လူ​မျိုး ခြား​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 30