ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 29:20-33 Common Language Bible (BCL)

20. ဟေ​ဇ​ကိ​မင်း​သည်​မ​ဆိုင်း​မ​တွ​ဘဲ ယေ​ရု ရှ​လင်​မြို့​မှ​လူ​ကြီး​လူ​ကောင်း​များ​ကို စု​ဝေး​စေ​ပြီး​လျှင် သူ​တို့​နှင့်​အ​တူ​ဗိ​မာန် တော်​သို့​ကြွ​တော်​မူ​၏။-

21. မင်း​ဆွေ​မင်း​မျိုး​များ​အ​ပြစ်၊ ယု​ဒ​ပြည်​သူ များ​အ​ပြစ်​ပြေ​စေ​ရန်​နှင့် ဗိ​မာန်​တော်​သန့် စင်​စေ​ရန်​သူ​တို့​သည်​နွား​ခု​နစ်​ကောင်၊ သိုး ခု​နစ်​ကောင်၊ သိုး​ငယ်​ခုနစ်​ကောင်​နှင့်​ဆိတ် ခု​နစ်​ကောင်​ကို​ယူ​ဆောင်​သွား​ကြ​၏။ မင်း ကြီး​သည်​အာ​ရုန်​မှ​ဆင်း​သက်​သော​ယဇ် ပု​ရော​ဟိတ်​တို့​အား``တိ​ရစ္ဆာန်​များ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​တင်​၍​ပူ​ဇော်​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။-

22. ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဦး​စွာ​နွား​များ ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက် ဖြန်း​ကြ​၏။ ထို​နောက်​သိုး​များ​ကို​သတ်​၍ သွေး​ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။ ထို​နောက်​သိုး​ငယ်​များ​ကို​သတ်​၍​သွေး ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​ပက်​ဖြန်း​ကြ​၏။-

23. နောက်​ဆုံး​၌​သူ​တို့​သည်​ဆိတ်​များ​ကို​မင်း​ကြီး နှင့်​လူ​ပ​ရိ​သတ်​တို့​ထံ​သို့​ယူ​ဆောင်​ကာ ဆိတ် တို့​အ​ပေါ်​သို့​လက်​များ​ကို​တင်​စေ​ကြ​၏။-

24. ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​ဣသ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​အ​တွက် အ​ပြစ်​ဖြေ ရာ​ယဇ်​ကို​ပူ​ဇော်​ရန်​မင်း​ကြီး​အ​မိန့်​ပေး ထား​သည့်​အ​တိုင်း ဆိတ်​များ​ကို​သတ်​၍ ယဇ်​ပလ္လင်​ပေါ်​သို့​သွေး​ကို​သွန်း​လောင်း​ကြ လေ​သည်။

25. မင်း​ကြီး​သည်​ဒါ​ဝိဒ်​မင်း​အား ဘု​ရင့်​ပ​ရော ဖက်​ဂဒ်​နှင့်​ပ​ရော​ဖက်​နာ​သန်​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သည့်​ညွှန်​ကြား ချက်​များ​ကို​လိုက်​နာ​ကာ​စောင်း​များ၊ လင်း ကွင်း​များ​ကိုင်​သူ​လေဝိ​အ​နွယ်​ဝင်​တို့​ကို နေ​ရာ​ချ​ထား​တော်​မူ​၏။-

26. သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​အ​သုံး​ပြု​ခဲ့​သော တူ​ရိ​ယာ​မျိုး​များ​ကို​ကိုင်​၍​ရပ်​နေ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​က​တံ​ပိုး​ခ​ရာ​များ ကိုင်​၍​ရပ်​နေ​ကြ​၏။-

27. မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​ရန် မင်း​ကြီး​အ​မိန့်​ပေး​တော်​မူ​သ​ဖြင့် ပူ​ဇော် ဆက်​သ​မှု​ကို​အ​စ​ပြု​သော​အ​ခါ​လူ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ထော​မ​နာ​ပြု​၍​သီ​ချင်း​ဆို​ကြ​လေ​သည်။ ဂီ​တ​ပ​ညာ​သည်​တို့​လည်း တံ​ပိုး​ခ​ရာ များ​နှင့်​အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး မှုတ်​ကြ​လေ​သည်။-

28. ထို​အ​ရပ်​တွင်​ရှိ​နေ​သော​သူ​အ​ပေါင်း​တို့ သည် ယဇ်​များ​ကို​မီး​ရှို့​ပူ​ဇော်​ပြီး​သည် အ​ထိ​ပါ​ဝင်​၍​ဝတ်​ပြု​ကိုး​ကွယ်​ကြ​၏။ သီ​ချင်း​သီ​ဆို​သူ​များ​က​သီ​ချင်း​သီ​ဆို​၍ တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ​က​တံ​ပိုး​ခ​ရာ မှုတ်​ကြ​ကုန်​၏။-

29. ထို​နောက်​မင်း​ကြီး​နှင့်​ပြည်​သူ​အ​ပေါင်း​တို့ သည်​ဒူး​ထောက်​လျက် ဘု​ရား​သ​ခင်​အား ရှိ​ခိုး​ကြ​လေ​သည်။-

30. ဟေ​ဇ​ကိ​မင်း​နှင့်​ပြည်​သူ​ခေါင်း​ဆောင်​များ သည် လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ဒါ​ဝိဒ်​နှင့် ပ​ရော​ဖက်​အာ​သပ်​စပ်​ဆို​ခဲ့​သော ထော​မ​နာ သီ​ချင်း​များ​ကို​သီ​ဆို​စေ​ကြ​၏။ သို့​ဖြစ် ၍​သူ​တို့​သည်​ဝမ်း​မြောက်​ရွှင်​လန်း​စွာ​သီ ချင်း​ဆို​၍ ဒူး​ထောက်​လျက်​ဘု​ရား​သ​ခင် ကို​ရှိ​ခိုး​ကြ​၏။

31. ဟေ​ဇ​ကိ​က​ပြည်​သူ​တို့​အား``ယ​ခု​သင် တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင် မှု​ကို​ပြု​ပြီး​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ပူ​ဇော် သကာ​အ​ဖြစ်​ဖြင့် ယဇ်​များ​ကို​ယူ​ဆောင်​လာ ကြ​လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​လူ တို့​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အ​ချို့​သော သူ​တို့​သည်​မိ​မိ​တို့​စေ​တ​နာ​အ​လျောက် မီး​ရှို့​ပူ​ဇော်​ရန်​တိ​ရစ္ဆာန်​များ​ကို​ယူ​ဆောင် လာ​ကြ​လေ​သည်။-

32. သူ​တို့​သည်​နွား​ကောင်​ရေ​ခု​နစ်​ဆယ်၊ သိုး ကောင်​ရေ​တစ်​ရာ​နှင့်​သိုး​ငယ်​ကောင်​ရေ​နှစ် ရာ​တို့​ကို​ထာ​ဝရ​ဘု​ရား​အား မီး​ရှို့​ရာ ပူ​ဇော်​သကာ​အ​ဖြစ်​ယူ​ဆောင်​လာ​ပြီး​လျှင်၊-

33. လူ​တို့​စား​ရန်​အ​တွက်​နွား​ကောင်​ရေ​ခြောက် ရာ​နှင့် သိုး​ကောင်​ရေ​သုံး​ထောင်​ကို​လည်း ယဇ် ပူ​ဇော်​ဖို့​ယူ​ဆောင်​လာ​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 29