ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 26:8-21 Common Language Bible (BCL)

8. အမ္မုန်​အ​မျိုး​သား​တို့​သည်​သြ​ဇိ​အား​လက် ဆောင်​ပဏ္ဏာ​များ​ဆက်​သ​ရ​ကြ​၏။ သူ​သည် အ​လွန်​တန်​ခိုး​ကြီး​မား​လာ​သ​ဖြင့်​သူ​၏ ဂုဏ်​သ​တင်း​သည်​အီ​ဂျစ်​ပြည်​သို့​ပင်​ပျံ့​နှံ့ သွား​လေ​၏။

9. သြ​ဇိ​သည်​မြို့​ရိုး​ထောင့်​တံ​ခါး၊ ချိုင့်​တံ​ခါး​နှင့် မြို့​ရိုး​ထောင့်​ထိပ်​တို့​တွင်​မျှော်​စင်​များ​ကို​တည် ဆောက်​ခြင်း​အား​ဖြင့် ယေ​ရု​ရှ​လင်​ကို​ခိုင်​ခံ့ အောင်​ပြု​တော်​မူ​၏။-

10. မင်း​ကြီး​သည်​အ​နောက်​ဘက်​တောင်​ခြေ​ရင်း​ရှိ တောင်​ပူ​စာ​များ​နှင့် လွင်​ပြင်​များ​တွင်​နွား​အုပ် ကြီး​များ​မွေး​မြူ​ထား​သ​ဖြင့် တော​ကန္တာ​ရ​ရှိ မြို့​များ​ကို​မျှော်​စင်​များ​နှင့်​တ​ကွ​တံ​တိုင်း ကာ​၍​ရေ​လှောင်​ကန်​အ​မြောက်​အ​မြား​ကို​တူး တော်​မူ​၏။ မင်း​ကြီး​သည်​လယ်​ယာ​စိုက်​ပျိုး​မှု ကို​ဝါ​သ​နာ​ပါ​သ​ဖြင့် တောင်​ကုန်း​ဒေ​သ​များ တွင်​စ​ပျစ်​ဥ​ယျာဉ်​များ​စိုက်​ပျိုး​မှု၊ မြေ ကောင်း​မြေ​သန့်​များ​တွင်​လယ်​ယာ​များ စိုက်​ပျိုး​မှု​ကို​အား​ပေး​တော်​မူ​လေ​သည်။

11. သူ​၌​စစ်​ပွဲ​ဝင်​ရန်​အ​သင့်​ရှိ​သော​တပ်​မ​တော် ကြီး​ရှိ​၏။ တပ်​မ​တော်​မှတ်​တမ်း​များ​ကို​စာ​ရေး တော်​များ​ဖြစ်​သူ ယေ​ယေ​လ​နှင့်​မာ​သေ​ယ​တို့ က​ထိန်း​သိမ်း​ထား​ရ​ကြ​၏။ သူ​တို့​အား​အ​မတ် ဟာ​န​နိ​က​ကြီး​ကြပ်​ကွပ်​ကဲ​ရ​လေ​သည်။-

12. တပ်​မ​တော်​တွင်​တပ်​မှူး​နှစ်​ထောင့်​ခြောက်​ရာ ရှိ​၍၊-

13. သူ​တို့​၏​လက်​အောက်​တွင်​မင်း​ကြီး​၏​ရန်​သူ များ​ကို ရဲ​စွမ်း​သတ္တိ​နှင့်​တိုက်​ခိုက်​နိုင်​သော တပ်​သား​သုံး​သိန်း​ခု​နစ်​ထောင့်​ငါး​ရာ​ရှိ​၏။-

14. သြ​ဇိ​သည်​တပ်​မ​တော်​အား ဒိုင်း​လွှား၊ လှံ၊ သံ ခ​မောက်၊ သံ​ချပ်​အင်္ကျီ၊ လေး၊ မြား​နှင့်​လောက်​လွှဲ ပစ်​ရန်​ကျောက်​ခဲ​များ​ကို​ပေး​အပ်​တော်​မူ​၏။-

15. မြို့​ရိုး​ထောင့်​ထိပ်​နှင့်​မျှော်​စင်​များ​မှ​နေ​၍ မြား​နှင့်​ကျောက်​တုံး​ကြီး​များ​ပစ်​ခတ်​ရန် ယန္တ​ယား​စက်​များ​ကို​လည်း ယေ​ရု​ရှ​လင် မြို့​ရှိ​တီ​ထွင်​တတ်​သူ​အ​တတ်​ပ​ညာ​ရှင် များ​က​ပြု​လုပ်​ပေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​ထံ​မှ​အံ့​သြ​ဖွယ်​မ​စ​တော်​မူ​ခြင်း ကို​ခံ​ရ​သ​ဖြင့် မင်း​ကြီး​သည်​အ​လွန် တန်​ခိုး​ကြီး​လာ​ပြီး​လျှင်​သူ​၏​ဂုဏ် သ​တင်း​သည်​အ​ရပ်​တ​ကာ​သို့​ပျံ့​နှံ့ သွား​လေ​၏။

16. သို့​သော်​သြ​ဇိ​မင်း​သည်​တန်​ခိုး​ကြီး​လာ​သော အ​ခါ မာန်​မာ​န​လည်း​ထောင်​လွှား​လာ​သ​ဖြင့် အ​ကျိုး​နည်း​ရ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော် သို့​ဝင်​၍​နံ့​သာ​ပေါင်း​ကို သက်​ဆိုင်​ရာ​ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ခြင်း​အား​ဖြင့် မိ​မိ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​အား​ပြစ်​မှား​၏။-

17. ယဇ်​ပု​ရော​ဟိတ်​အာ​ဇ​ရိ​နှင့်​ရဲ​ရင့်​သော ယဇ်​ပု​ရော​ဟိတ်​ရှစ်​ကျိပ်​တို့​သည်​မင်း​ကြီး အား-

18. တား​ဆီး​ရန်​လိုက်​သွား​ပြီး​လျှင်``အို သြ​ဇိ​မင်း၊ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘု​ရား​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ခွင့်​ရှိ​သူ​မ​ဟုတ်​ပါ။ ဤ​အ​မှု ကို​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​မှာ အာ​ရုန် မှ​ဆင်း​သက်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​သာ လျှင်​ဖြစ်​ပါ​၏။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ ထွက်​ခွာ​သွား​ပါ​လော့။ ဘု​ရင်​မင်း​သည်​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​လေ​ပြီ။ ထို ကြောင့်​ကိုယ်​တော်​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​ကို​မ​ခံ​ရ​တော့​ပါ'' ဟု ဆို​၏။

19. သြ​ဇိ​သည်​နံ့​သာ​ပေါင်း​ကို​ရှို့​ရန်​မီး​ကျီး​ခဲ ကို​ကိုင်​၍ ဗိ​မာန်​တော်​တွင်​နံ့​သာ​ပေါင်း​မီး​ရှို့ ရာ​ပလ္လင်​အ​နီး​၌​ရပ်​လျက်​နေ​၏။ သူ​သည် ယဇ်​ပု​ရော​ဟိတ်​တို့​အား​အ​မျက်​ထွက်​လာ သည်​နှင့်​တစ်​ပြိုင်​နက် သူ​၏​န​ဖူး​သည်​ကြောက် မက်​ဖွယ်​ကောင်း​သော​အ​ရေ​ပြား​ရော​ဂါ စွဲ​ကပ်​လေ​သည်။-

20. အာ​ဇ​ရိ​နှင့်​အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ကြောက်​ရွံ့​သည့်​အ​မူ​အ​ရာ​ဖြင့် မင်း​ကြီး​န​ဖူး ကို​စိုက်​၍​ကြည့်​ပြီး​လျှင်​သူ့​အား​ဗိ​မာန်​တော် မှ​နှင်​ထုတ်​ကြ​၏။ မင်း​ကြီး​သည်​လည်း​မိ​မိ အား​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း​ကို​သိ​၍ အ​ဆော​တ​လျင်​ထွက်​ခွာ သွား​တော်​မူ​၏။

21. သြ​ဇိ​မင်း​သည်​ထို​အ​ချိန်​မှ​စ​၍​သေ​သည် တိုင်​အောင် ဤ​ရော​ဂါ​ကြောင့်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​စင်​သူ​ဖြစ်​လာ​လေ​သည်။ သူ​သည်​ဗိ​မာန်​တော်​သို့​နောက်​တစ်​ဖန်​ပြန် လည်​ဝင်​ရောက်​ခွင့်​မ​ရ​တော့​သ​ဖြင့် သား​တော် ယော​သံ​အား​မိ​မိ​၏​တာ​ဝန်​ဝတ္တ​ရား​များ ကို​လွှဲ​ပြောင်း​ပေး​အပ်​လိုက်​ရ​၏။ တိုင်း​ပြည် ကို​သား​တော်​အုပ်​စိုး​လျက်​နေ​စဉ် သူ​သည် မိ​မိ​၏​အိမ်​တော်​၌​သာ​နေ​ထိုင်​ရ​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 26