ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 25:18-22 Common Language Bible (BCL)

18. ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။-

19. အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။

20. သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-

21. ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊-

22. ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 25