ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 25:16-25 Common Language Bible (BCL)

16. ထို​အ​ခါ​အာ​မ​ဇိ​က``ဘယ်​အ​ခါ​က​သင့်​အား ဘု​ရင့်​အ​တိုင်​ပင်​ခံ​အ​မတ်​အ​ဖြစ်​ခန့်​ထား​ခဲ့ ပါ​သ​နည်း။ သင်​သည်​ဆိတ်​ဆိတ်​မ​နေ​ပါ​မူ အ​သတ်​ခံ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ပ​ရော​ဖက်​က​လည်း``မင်း​ကြီး​သည်​ဤ​အ​မှု တို့​ကို​ပြု​၍​ငါ​ပေး​သည့်​အ​ကြံ​ကို​လျစ်​လူ ရှု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​မင်း​ကြီး​ကို သုတ်​သင်​ဖျက်​ဆီး​ရန်​ကြံ​ရွယ်​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ရ​ပြီ'' ဟု​ဆို​ပြီး​လျှင် ဆိတ်​ဆိတ်​နေ​လေ​၏။

17. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည်​ဣသ​ရေ​လ​ပြည် ကို​တိုက်​ခိုက်​ရန် လျှို့​ဝှက်​ကြံ​စည်​ပြီး​နောက် ယေ​ဟု​၏​မြေး၊ ယော​ခတ်​၏​သား​ယ​ဟော​ရှ ထံ​သို့​သံ​တ​မန်​စေ​လွှတ်​၍ မိ​မိ​နှင့်​စစ်​ပြိုင် ရန်​စိန်​ခေါ်​လိုက်​လေ​သည်။-

18. ယ​ဟော​ရှ​က``အ​ခါ​တစ်​ပါး​၌​လေ​ဗ​နုန် တောင်​ထိပ်​တွင် ဆူး​ပင်​သည်​သစ်​က​တိုး​ပင် ထံ​စေ​တ​မန်​လွှတ်​၍`သင်​၏​သ​မီး​ကို​ငါ့ သား​နှင့်​ပေး​စား​ပါ​လော့' ဟု​ပြော​ကြား စဉ်​အ​နီး​မှ​ဖြတ်​၍​လာ​သော​တော​တိ​ရစ္ဆာန် သည်​ထို​ဆူး​ခြုံ​ကို​နင်း​ချေ​လိုက်​လေ​သည်။-

19. အ​ချင်း​အာ​မ​ဇိ၊ ယ​ခု​အ​ဆွေ​တော်​သည် ဧ​ဒုံ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​လိုက်​ပြီ​ဟု ဝါ​ကြွား​ပြော​ဆို​၏။ သို့​ရာ​တွင်​အ​ဆွေ​တော် နန်း​တော်​၌​ပင်​စံ​မြဲ​စံ​နေ​ရန်​ကျွန်ုပ်​အ​ကြံ ပေး​ပါ​၏။ အ​ဘယ်​ကြောင့်​အဆွေ​တော်​နှင့်​ပြည် သူ​တို့​အား ဆုံး​ပါး​ပျက်​စီး​စေ​မည့်​ဘေး ဒုက္ခ​ကို​ရှာ​လို​ပါ​သ​နည်း'' ဟု​ပြန်​ကြား လိုက်​၏။

20. သို့​ရာ​တွင်​သူ​၏​စ​ကား​ကို အာ​မ​ဇိ​သည် နား​မ​ထောင်။ သူ​သည်​ဧ​ဒုံ​အ​မျိုး​သား​တို့ ကိုး​ကွယ်​သည့်​ရုပ်​တု​များ​ကို​ဝတ်​ပြု​ရှိ​ခိုး သ​ဖြင့် သူ့​အား​အ​ရေး​ရှုံး​နိမ့်​စေ​ရန်​ထာ​ဝရ ဘု​ရား​အ​လို​ရှိ​တော်​မူ​၏။-

21. ထို​ကြောင့်​ဣ​သ​ရေ​လ​ဘု​ရင်​ယ​ဟော​ရှ သည် ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​စစ်​ပြိုင်​တိုက် ခိုက်​လေ​သည်။ ယု​ဒ​ပြည်​ဗက်​ရှေ​မက်​မြို့ တွင်​တိုက်​ပွဲ​ဖြစ်​ရာ၊-

22. ယု​ဒ​တပ်​မ​တော်​သည်​အ​ရေး​ရှုံး​နိမ့်​သ​ဖြင့် စစ်​သည်​တော်​တို့​သည် မိ​မိ​တို့​နေ​ရပ်​သို့ ထွက်​ပြေး​ကြ​ကုန်​၏။-

23. ယ​ဟော​ရှ​သည်​အာ​မ​ဇိ​ကို​ဖမ်း​ဆီး​ကာ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​ပြီး​လျှင် မြို့​ရိုး​ကို ဧ​ဖ​ရိမ်​တံ​ခါး​မှ​ထောင့်​တံ​ခါး​တိုင်​အောင် ကိုက်​နှစ်​ရာ​မျှ​ကို​ဖြို​ချ​လိုက်​၏။-

24. သူ​သည်​သြ​ဗ​ဒေ​ဒုံ​၏​သား​မြေး​များ​စောင့် ကြပ်​သော​ဗိ​မာန်​တော်​ထဲ​ရှိ ရွှေ၊ ငွေ၊ ဗိ​မာန် တော်​အ​သုံး​အ​ဆောင်​ဟူ​သ​မျှ​နှင့်​နန်း​တော် ရှိ​ဘဏ္ဍာ​များ​ကို​ယူ​၍ ရှ​မာ​ရိ​မြို့​သို့​ပြန် သွား​တော်​မူ​၏။ မင်း​ကြီး​သည်​ဋ္ဌား​စား​ခံ များ​ကို​လည်း​ခေါ်​ဆောင်​ခဲ့​၏။

25. ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣ​သ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​သည့်​နောက် တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 25