1. အာမဇိသည်သက်တော်နှစ်ဆယ့်ငါးနှစ်တွင် နန်းတက်၍ ယေရုရှလင်မြို့၌နှစ်ဆယ့်ငါး နှစ်နန်းစံရလေသည်။ သူ၏မယ်တော်မှာ ယေရုရှလင်မြို့သူယုဒ္ဒန်ဖြစ်၏။-
2. သူသည်ထာဝရဘုရား၏မျက်မှောက်တော် ၌ဖြောင့်မှန်သောအမှုကိုပြုသော်လည်း စိတ်ရောကိုယ်ပါပြုသည်မဟုတ်။-
3. သူသည်အာဏာတည်မြဲမှုရရှိလာသည်နှင့် တစ်ပြိုင်နက် မိမိ၏ခမည်းတော်ကိုသတ်ကြ သည့်မှူးမတ်တို့ကိုကွပ်မျက်လေ၏။-
4. သို့ရာတွင်သူတို့၏သားသမီးတို့ကိုကား``မိ ဘတို့သည်သားသမီးတို့ကူးလွန်သည့်ပြစ်မှု ကြောင့်အသတ်မခံစေရ။ သားသမီးတို့သည် လည်းမိဘတို့ကူးလွန်သည့်ပြစ်မှုကြောင့် အသတ်မခံစေရ။ မည်သူမဆိုမိမိကူး လွန်သည့်ပြစ်မှုကြောင့်သာအသတ်ခံစေရ မည်'' ဟူ၍မောရှေ၏ပညတ်ကျမ်းတွင်ပါ ရှိသည့်ထာဝရဘုရား၏ပညတ်တော်နှင့် အညီမကွပ်မျက်ချေ။