ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 25:1-10 Common Language Bible (BCL)

1. အာ​မ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​ငါး​နှစ်​တွင် နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​၌​နှစ်​ဆယ့်​ငါး နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ယေ​ရု​ရှ​လင်​မြို့​သူ​ယုဒ္ဒန်​ဖြစ်​၏။-

2. သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​မျက်​မှောက်​တော် ၌​ဖြောင့်​မှန်​သော​အ​မှု​ကို​ပြု​သော်​လည်း စိတ်​ရော​ကိုယ်​ပါ​ပြု​သည်​မ​ဟုတ်။-

3. သူ​သည်​အာ​ဏာ​တည်​မြဲ​မှု​ရ​ရှိ​လာ​သည်​နှင့် တစ်​ပြိုင်​နက် မိ​မိ​၏​ခ​မည်း​တော်​ကို​သတ်​ကြ သည့်​မှူး​မတ်​တို့​ကို​ကွပ်​မျက်​လေ​၏။-

4. သို့​ရာ​တွင်​သူ​တို့​၏​သား​သ​မီး​တို့​ကို​ကား``မိ ဘ​တို့​သည်​သား​သ​မီး​တို့​ကူး​လွန်​သည့်​ပြစ်​မှု ကြောင့်​အ​သတ်​မ​ခံ​စေ​ရ။ သား​သ​မီး​တို့​သည် လည်း​မိ​ဘ​တို့​ကူး​လွန်​သည့်​ပြစ်​မှု​ကြောင့် အ​သတ်​မ​ခံ​စေ​ရ။ မည်​သူ​မ​ဆို​မိ​မိ​ကူး လွန်​သည့်​ပြစ်​မှု​ကြောင့်​သာ​အ​သတ်​ခံ​စေ​ရ မည်'' ဟူ​၍​မော​ရှေ​၏​ပ​ညတ်​ကျမ်း​တွင်​ပါ ရှိ​သည့်​ထာ​ဝ​ရ​ဘု​ရား​၏​ပညတ်​တော်​နှင့် အ​ညီ​မ​ကွပ်​မျက်​ချေ။

5. အာ​မ​ဇိ​သည်​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင် အ​ပေါင်း​တို့​အား မိ​မိ​တို့​သား​ချင်း​စု​များ အ​လိုက်​တပ်​စု​များ​ဖွဲ့​၍ လူ​တစ်​ထောင်​တပ်​မှူး နှင့်​လူ​တစ်​ရာ​တပ်​မှူး​များ​ကို​ခန့်​ထား​တော် မူ​၏။ ထို​တပ်​သား​များ​သည်​အ​သက်​နှစ်​ဆယ် နှင့်​အ​ထက်​ရှိ​သူ​များ​ဖြစ်​၍ စု​စု​ပေါင်း​သုံး သိန်း​ရှိ​လေ​သည်။ သူ​တို့​သည်​လှံ​နှင့်​ဒိုင်း​လွှား ကိုင်​ဆောင်​မှု​တွင်​ကျွမ်း​ကျင်​၍​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ရှိ​သူ​လက်​ရွေး​စင်​တပ်​သား​များ ဖြစ်​ကြ​သ​တည်း။-

6. အာ​မ​ဇိ​သည်​ထို​သူ​များ​အ​ပြင်​ဣသ​ရေ​လ ပြည်​မှ စစ်​သည်​တစ်​သိန်း​ကို​လည်း​ငွေ​လေး တန်​ပေး​၍​ငှား​ရမ်း​လေ​သည်။-

7. သို့​ရာ​တွင်​ပ​ရော​ဖက်​သည်​မင်း​ကြီး​ထံ​လာ ရောက်​၍``ဤ​ဣသ​ရေ​လ​စစ်​သည်​များ​ကို​မင်း ကြီး​နှင့်​အ​တူ​ခေါ်​ဆောင်​မ​သွား​ပါ​နှင့်။ ထာ​ဝရ ဘု​ရား​သည်​ဤ​မြောက်​ပိုင်း​နယ်​မြေ​သား တို့​နှင့်​အ​တူ​ရှိ​တော်​မ​မူ။-

8. စစ်​ပွဲ​တွင်​သူ​တို့​ပါ​ရှိ​ခြင်း​အား​ဖြင့်​ပို​မို အင်​အား​တောင့်​တင်း​လိမ့်​မည်​ဟု မင်း​ကြီး ထင်​မှတ်​ကောင်း​ထင်​မှတ်​ပါ​လိမ့်​မည်။ သို့ သော်​လည်း​ဘု​ရား​သ​ခင်​သည်​စစ်​ပွဲ​အ​နိုင် အ​ရှုံး​ကို​ပေး​ပိုင်​သော​တန်​ခိုး​ရှင်​ဖြစ်​တော် မူ​သ​ဖြင့် ထို​သူ​တို့​နှင့်​အ​ရှင်​မင်း​ကြီး မ​ဟာ​မိတ်​ဖွဲ့​ပါ​မူ​မင်းကြီး​အား​ရန်​သူ တို့​လက်​တွင်​အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ လိမ့်​မည်''ဟု​လျှောက်​ထား​၏။

9. ထို​အ​ခါ​အာ​မ​ဇိ​က​ပ​ရော​ဖက်​အား``ထို သူ​တို့​အား​ပေး​ထား​သည့်​ငွေ​အ​ချည်း​နှီး ဖြစ်​ရ​မည်​လော'' ဟု​မေး​တော်​မူ​၏။ပ​ရော​ဖက်​က``ဘု​ရား​သ​ခင်​သည်​ထို​ငွေ ထက်​များ​စွာ​ပေး​တော်​မူ​နိုင်​၏'' ဟု​ဆို လေ​၏။-

10. သို့​ဖြစ်​၍​အာ​မ​ဇိ​သည်​ငှား​ရမ်း​ထား​သည့် တပ်​သား​တို့​ကို မိ​မိ​နေ​ရပ်​သို့​ပြန်​စေ​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ယု​ဒ​ပြည်​သူ တို့​အား​အ​လွန်​အ​မျက်​ထွက်​လျက် မိ​မိ​တို့ နေ​ရပ်​သို့​ပြန်​သွား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 25