ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 24:9-19 Common Language Bible (BCL)

9. သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-

10. ပြည်​သူ​များ​နှင့်​သူ​တို့​၏​ခေါင်း​ဆောင်​များ သည်​ဝမ်း​မြောက်​စွာ​ဖြင့် မိ​မိ​တို့​အ​လှူ​ငွေ များ​ကို​ယူ​ဆောင်​ကာ​အ​လှူ​ခံ​သေတ္တာ ပြည့်​အောင်​ထည့်​ဝင်​ကြ​ကုန်​၏။-

11. နေ့​စဉ်​နေ့​တိုင်း​လေဝိ​အ​နွယ်​ဝင်​တို့​သည် ထို သေတ္တာ​ကို​တာ​ဝန်​ခံ​အ​ရာ​ရှိ​ထံ​သို့​ယူ ဆောင်​သွား​ရ​ကြ​လေ​သည်။ သေတ္တာ​ပြည့် သည့်​အ​ခါ​တိုင်း​ဘု​ရင့်​အ​တွင်း​ဝန်​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​စား​လှယ်​တစ်​ဦး သည်​လာ​၍ ငွေ​များ​ကို​ထုတ်​ယူ​ပြီး​လျှင် သေတ္တာ​ကို​နေ​ရာ​တ​ကျ​ပြန်​၍​ထား​ရ ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည်​ငွေ အ​မြောက်​အ​မြား​ကို​ရ​ရှိ​ကြ​လေ​သည်။

12. မင်း​ကြီး​နှင့်​ယော​ယ​ဒ​သည် ထို​ငွေ​ကို​ဗိ​မာန် တော်​မွမ်း​မံ​ပြင်​ဆင်​မှု​လုပ်​ငန်း​ကြီး​ကြပ်​သူ များ​၏​လက်​သို့​ပေး​အပ်​ကြ​၏။ ကြီး​ကြပ်​သူ တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​အ​တွက် ပန်း​ရန် သ​မား၊ လက်​သ​မား၊ ပန်း​ပဲ၊ ပန်း​တဉ်း သ​မား​တို့​ကို​ငှား​ရမ်း​ကြ​၏။-

13. ထို​အ​လုပ်​သ​မား​အား​လုံး​ပင်​အ​လုပ်​ကို ကြိုး​စား​လုပ်​ကိုင်​လျက် ဗိ​မာန်​တော်​ကို​န​ဂို အ​တိုင်း​ခိုင်​ခိုင်​ခံ့​ခံ့​ပြန်​လည်​ရောက်​ရှိ​စေ ကြ​၏။-

14. သူ​တို့​သည်​မွမ်း​မံ​ပြင်​ဆင်​မှု​ပြီး​စီး​သွား​သော အ​ခါ မင်း​ကြီး​နှင့်​ယော​ယ​ဒ​တို့​သည်​ပို​လျှံ သော​ရွှေ၊ ငွေ​ကို​ဗိ​မာန်​တော်​အ​တွက်​ခွက်​ဖ​လား များ​နှင့်​အ​ခြား​အ​သုံး​အ​ဆောင်​များ​ကို​ပြု လုပ်​ရာ​တွင်​အ​သုံး​ပြု​ကြ​၏။ယော​ယ​ဒ​အ​သက်​ရှင်​နေ​သ​မျှ​ကာ​လ​ပတ်​လုံး ဗိ​မာန်​တော်​တွင်​ယဇ်​များ​ကို​အ​စဉ်​ပူ​ဇော်​လေ့ ရှိ​၏။-

15. သူ​သည်​အ​လွန်​အို​၍​အ​သက်​တစ်​ရာ့​သုံး ဆယ်​ရှိ​သော​အ​ခါ​ကွယ်​လွန်​လေ​သည်။-

16. ဣသ​ရေ​လ​ပြည်​သူ​တို့​အ​တွက်၊ ဘု​ရား​သ​ခင် အ​တွက်​နှင့် ဗိ​မာန်​တော်​အ​တွက်​ဆောင်​ရွက်​ခဲ့ သည်​ကို​အ​သိ​အ​မှတ်​ပြု​သည့်​အ​နေ​ဖြင့် ပြည်​သူ​တို့​သည်​သူ​၏​အ​လောင်း​ကို ဒါ​ဝိဒ် မြို့​ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။

17. သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-

18. ပြည်​သူ​တို့​သည်​ဗိ​မာန်​တော်​တွင်​ဘိုး​ဘေး များ​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဝတ် ပြု​ကိုး​ကွယ်​မှု​ကို​စွန့်​လျက် ရုပ်​တု​များ​နှင့် အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို ဝတ်​ပြု​ရှိ​ခိုး​ကြ​လေ​သည်။ ဤ​သို့​သူ​တို့ ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​ယု​ဒ​ပြည် နှင့်​ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​သို့​သက် ရောက်​တော်​မူ​၏။-

19. ထာ​ဝ​ရ​ဘု​ရား​သည်​ပ​ရော​ဖက်​များ​ကို စေ​လွှတ်​၍ ထို​သူ​တို့​အား​အ​ထံ​တော်​သို့ ပြန်​လာ​ကြ​ရန်​သ​တိ​ပေး​စေ​တော်​မူ သော်​လည်း​သူ​တို့​သည်​မ​လိုက်​နာ​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 24