ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 24:3-9 Common Language Bible (BCL)

3. ယော​ယ​ဒ​သည်​ယော​ရှ​အ​တွက်​မိ​ဖု​ရား နှစ်​ပါး​ကို​ရွေး​ချယ်​ပေး​၏။ ယော​ရှ​သည် လည်း​ထို​မိ​ဖု​ရား​များ​ဖြင့်​သား​သ​မီး များ​ကို​ရ​ရှိ​လေ​သည်။

4. ယော​ရှ​သည်​နန်း​တက်​ပြီး​နောက်​ကာ​လ​အ​တန် ကြာ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန် တော်​ကို​မွမ်း​မံ​ပြင်​ဆင်​ရန်​အ​ကြံ​ရှိ​တော် မူ​၏။-

5. သူ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေဝိ​အ​နွယ် ဝင်​များ​အား​ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​စေ​လွှတ် ၍ ဗိ​မာန်​တော်​ကို​နှစ်​စဉ်​မွမ်း​မံ​ပြင်​ဆင်​ရန် အ​တွက်​ပြည်​သူ​အ​ပေါင်း​တို့​ထံ​မှ ငွေ​အ​လုံ အ​လောက်​ကောက်​ခံ​စေ​တော်​မူ​၏။ မင်း​ကြီး သည်​ဤ​အ​မှု​ကို​ဆော​လျင်​စွာ​ဆောင်​ရွက် ရန်​အ​မိန့်​ပေး​ခဲ့​သော်​လည်း လေ​ဝိ​အ​နွယ် ဝင်​တို့​သည်​ဖင့်​နွဲ​လျက်​နေ​ကြ​၏။-

6. သို့​ဖြစ်​၍​သူ​သည်​ထို​သူ​အ​ပေါင်း​တို့​၏ ခေါင်း​ဆောင်​ယော​ယ​ဒ​ကို​ခေါ်​ပြီး​လျှင်``ထာ ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် အ​တွက် ပြည်​သူ​တို့​ပေး​ဆောင်​ရန်​ထာ​ဝ​ရ ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​ပြ​ဋ္ဌာန်း​သည့် အ​လှူ​ငွေ​ကို လေ​ဝိ​အ​နွယ်​ဝင်​တို့​အား အ​ဘယ်​ကြောင့်​ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင် မြို့​မှ​မ​ကောက်​ခံ​စေ​ပါ​သ​နည်း'' ဟု​မေး တော်​မူ​၏။

7. (ဖောက်​ပြန်​ဆိုး​ညစ်​သည့်​အ​မျိုး​သ​မီး အာ​သ​လိ​၏​နောက်​လိုက်​တို့​သည် ဗိ​မာန်​တော် ကို​ဖျက်​ဆီး​ပြီး​လျှင်​အ​မြတ်​တ​နိုး​ထား​အပ် သည့်​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို ဗာ​လ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​ခဲ့​ကြ​သ​တည်း။)

8. မင်း​ကြီး​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​အ​လှူ ခံ​သေတ္တာ​ကို​ပြု​လုပ်​စေ​၍ ဗိ​မာန်​တော်​တံ​ခါး ဝ​တွင်​ထား​ရှိ​စေ​တော်​မူ​၏။-

9. သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည် တစ်​လျှောက်​လုံး​ရှိ​လူ​အ​ပေါင်း​တို့​အား တော က​န္တာရ​တွင်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​မော​ရှေ ကောက်​ခံ​ခဲ့​သည်​အ​တိုင်း ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​အ​လှူ​ငွေ​များ​ကို​ယူ​ဆောင်​လာ ကြ​ရန်​ထုတ်​ဆင့်​ကြေ​ညာ​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 24