ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 23:6-18 Common Language Bible (BCL)

6. တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။-

7. လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။

8. လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

9. ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-

10. သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-

11. ထို​နောက်​ယော​ယ​ဒ​သည်​ယော​ရှ​အား​ထုတ် ဆောင်​လာ​ကာ သ​ရ​ဖူ​ကို​ဆောင်း​ပေး​ပြီး​လျှင် မင်း​ကျင့်​တ​ရား​ကျမ်း​ကို​ပေး​အပ်​လေ​သည်။ ဤ​သို့​ဖြင့်​ယော​ရှ​ကို​မင်း​မြှောက်​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​ယော​ယ​ဒ​နှင့်​သူ​၏​သား​တို့​သည် ယော​ရှ​အား ဘိ​သိက်​ပေး​ပြီး​ကြ​သော​အ​ခါ လူ​အ​ပေါင်း​တို့​က``မင်း​ကြီး​သက်​တော်​ရှည် ပါ​စေ​သော'' ဟု​ကြွေး​ကြော်​ကြ​ကုန်​၏။

12. အာ​သ​လိ​သည်​မင်း​ကြီး​အား လူ​တို့​သြ​ဘာ ပေး​သံ​ကို​ကြား​သ​ဖြင့်​လူ​တို့​စု​ဝေး​လျက် ရှိ​ရာ ဗိ​မာန်​တော်​သို့​အ​ဆော​တ​လျင်​ရောက် လာ​သော်၊-

13. တပ်​မှူး​များ​နှင့်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​များ ခြံ​ရံ​လျက် ဗိ​မာန်​တော်​အ​ဝင်​ဝ​ရှိ​ကျောက် တိုင်​အ​နီး​တွင်​ဘု​ရင်​တို့​အ​တွက် သီး​သန့် ထား​သည့်​နေ​ရာ​တွင်​ရပ်​နေ​သော​ဘုရင်​သစ် ကို​တွေ့​မြင်​လေ​၏။ လူ​အ​ပေါင်း​တို့​သည်​ဝမ်း မြောက်​စွာ​ကြွေး​ကြော်​လျက် တံ​ပိုး​ခ​ရာ​များ ကို​မှုတ်​လျက်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည် များ​က​လည်း မိ​မိ​တို့​တူ​ရိ​ယာ​များ​ကို တီး​မှုတ်​လျက်​ဘိ​သိက်​ပွဲ​ကို​ကျင်း​ပ​နေ ကြ​၏။ အာ​သ​လိ​သည်​မိ​မိ​အ​ဝတ်​ကို ဆုတ်​လျက်``ပုန်​ကန်​မှု​ပါ​တ​ကား၊ ပုန်​ကန် မှု​ပါ​တ​ကား'' ဟု​အော်​ဟစ်​၏။

14. ယော​ယ​ဒ​သည်​အာ​သ​လိ​အား ဗိ​မာန်​တော် ဝင်း​အ​တွင်း​၌​သတ်​ဖြတ်​သည်​ကို​မ​လို​လား သ​ဖြင့်``သူ့​ကို​အ​စောင့်​တပ်​သား​များ​အ​ကြား မှ​ထုတ်​သွား​ကြ​လော့။ သူ့​ကို​ကယ်​မည့်​သူ​ကို သတ်​လော့'' ဟု​တပ်​မှူး​တို့​အား​အ​မိန့်​ပေး လေ​သည်။-

15. သူ​တို့​သည်​အာ​သ​လိ​ကို​ဖမ်း​ဆီး​၍​နန်း တော်​သို့​ထုတ်​ပြီး​လျှင် မြင်း​တံ​ခါး​ဝ​၌ ကွပ်​မျက်​ကြ​၏။

16. ယော​ယ​ဒ​သည်​မင်း​ကြီး​နှင့်​တ​ကွ​ပြည်​သူ အ​ပေါင်း​တို့​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး တော်​ဖြစ်​ကြ​စေ​ရန် မိ​မိ​နှင့်​အ​တူ​ပါ​ဝင် ၍​ကိုယ်​တော်​နှင့်​ပ​ဋိ​ညာဉ်​ဖွဲ့​စေ​၏။-

17. သူ​တို့​သည်​ဗာ​လ​ဘု​ရား​ဗိ​မာန်​ကို​သွား ရောက်​ဖြို​ဖျက်​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု များ​ကို​ချိုး​ဖဲ့​ကာ ယဇ်​ပလ္လင်​များ​ရှေ့​၌​ဗာ​လ ယဇ်​ပု​ရော​ဟိတ်​မ​ဿန်​ကို​သတ်​ကြ​၏။-

18. ယော​ယ​ဒ​သည်​ယဇ်ပု​ရော​ဟိတ်​များ​နှင့် လေဝိ အ​နွယ်​ဝင်​တို့​အား ဗိ​မာန်​တော်​ဆိုင်​ရာ​အ​မှု များ​ကို​ဆောင်​ရွက်​ရန်​တာ​ဝန်​ပေး​အပ်​လေ​သည်။ သူ​တို့​သည်​ဒါ​ဝိဒ်​မင်း​ခွဲ​ဝေ​သတ်​မှတ်​ပေး​ခဲ့ သည့် တာ​ဝန်​ဝတ္တ​ရား​များ​ကို​ဆောင်​ရွက်​၍ မော​ရှေ​၏​ပ​ညတ်​ကျမ်း​အ​ရ​မီး​ရှို့​ရာ​ယဇ် များ​ကို​ထာ​ဝရ​ဘု​ရား​အား​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​နှင့် ပွဲ​ကျင်း​ပ​မှု​များ​အ​တွက်​လည်း​တာ​ဝန် ယူ​ရ​ကြ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 23