ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 23:4-10 Common Language Bible (BCL)

4. ငါ​တို့​အ​ဘယ်​သို့​ဆောင်​ရွက်​ရ​ကြ​မည်​ကို ဖော်​ပြ​ပါ​အံ့။ ဥ​ပုသ်​နေ့​၌​တာ​ဝန်​ကျ​၍ ရောက်​ရှိ​လာ​သော​လေ​ဝိ​အ​နွယ်​ဝင်​တို့ အ​နက်​သုံး​ပုံ​တစ်​ပုံ​မှာ​ဗိမာန်​တော်​အ​ဝင် တံ​ခါး​ကို​စောင့်​ကြပ်​ရ​ကြ​မည်။-

5. အ​ခြား​သုံး​ပုံ​တစ်​ပုံ​သည်​နန်း​တော်​ကို လည်း​ကောင်း၊ ကျန်​သုံး​ပုံ​တစ်​ပုံ​သည်​မြင်း တံ​ခါး​ကို​လည်း​ကောင်း​စောင့်​ကြပ်​ရ​မည်။ လူ​အ​ပေါင်း​တို့​က​ဗိ​မာန်​တော်​ဝင်း​အ​တွင်း ၌​စု​ရုံး​ရ​ကြ​မည်။-

6. တာ​ဝန်​ကျ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် လေဝိ​အ​နွယ်​ဝင်​များ​မှ​တစ်​ပါး အ​ဘယ်​သူ မျှ​ဗိ​မာန်​တော်​အ​ဆောက်​အ​အုံ​များ​ထဲ သို့​မ​ဝင်​ရ။ ထို​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား အား​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​ဖြစ် သ​ဖြင့် ဝင်​နိုင်​ခွင့်​ရှိ​သော်​လည်း​အ​ခြား သူ​အ​ပေါင်း​တို့​မူ​ကား​အ​ပြင်​တွင် နေ​ရ​ကြ​မည်။-

7. လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။

8. လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

9. ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-

10. သူ​သည်​မင်း​လောင်း​အား​စောင့်​ရှောက်​ကြည့်​ရှု​ရန် ဋ္ဌား​လွတ်​ကိုင်​တပ်​သား​များ​ကို​ဗိ​မာန်​တော် အ​ရှေ့​ဘက်​တစ်​ဝိုက်​တွင်​နေ​ရာ​ယူ​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 23