ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 22:1-5 Common Language Bible (BCL)

1. အာ​ရပ်​အ​မျိုး​သား​အ​ချို့​တို့​သည်​ဝင်​ရောက် တိုက်​ခိုက်​ကာ ယ​ဟော​ရံ​၏​သား​တော်​အ​ငယ် ဆုံး​အာ​ခ​ဇိ​မှ​တစ်​ပါး အ​ခြား​သား​တော် အ​ပေါင်း​ကို​သတ်​လိုက်​ကြ​၏။ သို့​ဖြစ်​၍​ယေ​ရု ရှ​လင်​မြို့​သား​တို့​သည်​အာ​ခ​ဇိ​အား​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် စေ​ကြ​၏။-

2. အာ​ခ​ဇိ​သည်​သက်​တော်​နှစ်​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​နှစ် မျှ​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဣ​သ​ရေ​လ​ဘု​ရင်​သြ​မ​ရိ​၏​မြေး​အာ​သ​လိ ဖြစ်​၏။-

3. မယ်​တော်​က​မ​ကောင်း​သော​အ​ကြံ​ဉာဏ်​များ ကို​ပေး​သ​ဖြင့် အာ​ခ​ဇိ​သည်​အာ​ဟပ်​မင်း​အိမ် ထောင်​စု​သား​တို့​၏​လမ်း​စဉ်​ကို​လိုက်​လေ​သည်။-

4. ခမည်း​တော်​ကွယ်​လွန်​ပြီး​နောက် မိ​မိ​၏​အ​တိုင် ပင်​ခံ​အ​မတ်​များ​မှာ အာ​ဟပ်​၏​အိမ်​ထောင်​စု သား​များ​ဖြစ်​သည့်​အ​လျောက် အာ​ခ​ဇိ​သည် ထာ​ဝရ​ဘု​ရား​ကို​ပြစ်​မှား​ကာ​ဆုံး​ရှုံး​ပျက် စီး​ရ​လေ​၏။-

5. သူ​သည်​ထို​သူ​တို့​၏​အ​ကြံ​ပေး​ချက်​ကို လိုက်​လျှောက်​ကာ ဣ​သ​ရေ​လ​ဘု​ရင်​ယော​ရံ နှင့်​ရှု​ရိ​ဘု​ရင်​ဟာ​ဇေ​လ​တို့​စစ်​ဖြစ်​ချိန်​၌ ယော​ရံ​၏​ဘက်​မှ​ဝင်​၍​တိုက်​၏။ ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​တိုက်​ပွဲ​တွင်​ယော​ရံ​သည်​ဒဏ်​ရာ များ​ရ​ရှိ​သ​ဖြင့်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 22