ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 21:5-10 Common Language Bible (BCL)

5. ယ​ဟော​ရံ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ် ၌​နန်း​တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း စံ​လေ​သည်။-

6. သူ​သည်​အာ​ဟပ်​၏​သ​မီး​တော်​တစ်​ပါး​နှင့် စုံ​ဖက်​မိ​သ​ဖြင့် အာ​ဟပ်​မင်း​နှင့်​အ​ခြား ဣ​သ​ရေ​လ​ဘု​ရင်​တို့​၏​ဆိုး​ညစ်​ယုတ်​မာ သော​လမ်း​စဉ်​ကို​လိုက်​၍​ထာ​ဝရ​ဘု​ရား​ကို ပြစ်​မှား​လေ​သည်။-

7. သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဒါ​ဝိဒ်​နှင့် ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၍ သူ​၏​အ​မျိုး​မင်း​ရိုး မ​ပြတ်​စေ​ရန်​က​တိ​ထား​တော်​မူ​ခဲ့​သ​ဖြင့် ဒါ​ဝိဒ်​မင်း​ဆက်​ပျက်​သုဉ်း​သွား​စေ​ရန် အ​လို​တော်​မ​ရှိ​ချေ။

8. ယ​ဟော​ရံ​၏​လက်​ထက်​၌​ဧ​ဒုံ​ပြည်​သည် ပုန်​ကန်​၍ လွတ်​လပ်​သော​နိုင်​ငံ​ဖြစ်​လာ​လေ သည်။ ယ​ဟော​ရံ​နှင့်​သူ​၏​တပ်​မှူး​တို့​သည် စစ်​ရ​ထား​များ​နှင့်​ထွက်​ခွာ​၍ ဧ​ဒုံ​ပြည်​သို့ ချင်း​နင်း​ဝင်​ရောက်​ကြ​၏။ သူ​တို့​သည်​ထို အ​ရပ်​တွင်​ဧ​ဒုံ​တပ်​မ​တော်​၏​အ​ဝိုင်း​ခံ ရ​ကြ​သော်​လည်း​ညဥ့်​အ​ခါ​ချိုး​ဖောက် ထွက်​ပြေး​ကြ​လေ​သည်။-

9. ထို​ကာ​လ​မှ​အ​စ​ပြု​၍​ဧ​ဒုံ​ပြည်​သည် သြ​ဇာ​ခံ​မ​ဟုတ်​တော့​ဘဲ လွတ်​လပ်​သော နိုင်​ငံ​အ​ဖြစ်​ရပ်​တည်​လျက်​ရှိ​သ​တည်း။-

10. ယ​ဟော​ရံ​သည်​မိ​မိ​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​စွန့်​ပယ်​တော်​မူ သ​ဖြင့် ဤ​အ​ချိန်​ကာ​လ​အ​တွင်း​၌​ပင် လိ​ဗ​န​မြို့​သည်​လည်း​ပုန်​ကန်​လေ​သည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 21