ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 21:14-20 Common Language Bible (BCL)

14. သို့​ဖြစ်​၍​ထာ​ဝရ​ဘု​ရား​သည်​သင်​၏​ပြည်​သူ များ၊ သား​သ​မီး​များ​နှင့်​မိ​ဖု​ရား​များ​ကို ပြင်း​ထန်​စွာ​ဒဏ်​စီ​ရင်​၍ သင်​ပိုင်​ဆိုင်​သ​မျှ ကို​လည်း​ပျက်​စီး​စေ​တော်​မူ​လိမ့်​မည်။-

15. သင်​ကိုယ်​တိုင်​အူ​၌​တစ်​နေ့​တစ်​ခြား​ဆိုး ရွား​လာ​သည့်​ရော​ဂါ​စွဲ​ကပ်​လာ​လိမ့်​မည်''ဟု ပါ​ရှိ​၏။

16. ပင်​လယ်​ကမ်း​ခြေ​တွင်​အ​ခြေ​စိုက်​နေ​ထိုင် ကြ​သော​ဆူ​ဒန်​အ​မျိုး​သား​တို့​အ​နီး​တွင် ဖိ​လိတ္တိ​အ​မျိုး​သား​နှင့်​အာ​ရပ်​အ​မျိုး​သား အ​ချို့​တို့​သည်​နေ​ထိုင်​ကြ​၏။ ထာ​ဝရ​ဘု​ရား သည်​ဤ​သူ​တို့​ကို​ယ​ဟော​ရံ​အား​တိုက် ခိုက်​စေ​တော်​မူ​၏။-

17. သူ​တို့​သည်​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင် ရောက်​ကာ​နန်း​တော်​ကို​လု​ယက်​ကြ​၏။ ထို နောက်​သား​တော်​အ​ငယ်​ဆုံး​ဖြစ်​သူ​အာ​ခ​ဇိ မှ​တစ်​ပါး​အ​ခြား​သား​တော်​များ​နှင့်​မိ ဖု​ရား​များ​ကို​သုံ့​ပန်း​အ​ဖြစ်​ဖြင့်​ဖမ်း ဆီး​သွား​လေ​သည်။

18. ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​သည်​မင်း​ကြီး​အား​အူ နာ​စွဲ​ကပ်​စေ​တော်​မူ​၏။-

19. ထို​ရော​ဂါ​သည်​နှစ်​နှစ်​နီး​ပါး​မျှ​တစ်​နေ့ တစ်​ခြား​ပို​မို​ဆိုး​ရွား​လာ​ပြီး​လျှင် နောက်​ဆုံး ၌​မင်း​ကြီး​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ​နှင့် ကွယ်​လွန်​လေ​၏။ ပြည်​သူ​တို့​သည်​သူ​၏​ဘိုး ဘေး​တို့​အ​တွက်​မီး​ပုံ​ပွဲ​များ​ပြု​သ​ကဲ့​သို့ သူ့​အ​တွက်​မ​ပြု​ကြ။

20. သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 21