ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 21:1-4 Common Language Bible (BCL)

1. ယော​ရှ​ဖတ်​ကွယ်​လွန်​သော​အ​ခါ​ဒါ​ဝိဒ်​မြို့​ရှိ ဘု​ရင်​တို့​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား တော်​ယ​ဟော​ရံ​သည်​ခ​မည်း​တော်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

2. ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ်​၏​သား​တော်​ယ​ဟော​ရံ တွင်​အာ​ဇ​ရိ၊ ယေ​ယ​လေ၊ ဇာ​ခ​ရိ၊ အာ​ဇ​ရိ​ဟု၊ မိက္ခေ​လ၊ ရှေ​ဖတိ​ဟူ​သော​ညီ​ခြောက်​ယောက် ရှိ​၏။-

3. ခ​မည်း​တော်​သည်​သူ​တို့​အား ရွှေ၊ ငွေ၊ အ​မြောက် အ​များ​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​ဥစ္စာ​များ ကို​ပေး​၍ ယု​ဒ​ပြည်​ခံ​တပ်​မြို့​တစ်​မြို့​စီ​ကို အုပ်​ချုပ်​ရန်​တာ​ဝန်​ပေး​တော်​မူ​၏။ သို့​သော် ယ​ဟော​ရံ​သည်​အ​ကြီး​ဆုံး​သား​တော် ဖြစ်​သ​ဖြင့် သူ့​အား​ယော​ရှ​ဖတ်​က​မိ​မိ​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​စေ​တော်​မူ​၏။-

4. နိုင်​ငံ​တော်​ကို​ပိုင်​နိုင်​စွာ​အုပ်​စိုး​နိုင်​သော​အ​ခါ ယ​ဟော​ရံ​သည်​ညီ​တော်​အ​ပေါင်း​နှင့်​ဣ​သ ရေ​လ​မှူး​မတ်​အ​ချို့​တို့​ကို​ကွပ်​မျက်​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 21