ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:8-25 Common Language Bible (BCL)

8. သူ​တို့​သည်​ဤ​ပြည်​တွင်​နေ​ထိုင်​လျက်​ကိုယ်​တော် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​ဗိ​မာန်​တော်​ကို​တည် ဆောက်​ကြ​ပါ​၏။-

9. စစ်​မက်​ဘေး၊ ကူး​စက်​တတ်​သော​ရော​ဂါ​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​အ​စ​ရှိ​သော ကြီး​မား​သည့် အ​ဘယ်​ဘေး​အန္တ​ရာယ်​မ​ဆို ကျ​ရောက်​လာ​ချိန်​၌ သူ​တို့​သည်​ကိုယ်​တော်​အား ကိုး​ကွယ်​ဝတ်​ပြု​ရာ ဤ​ဗိ​မာန်​တော်​ရှေ့​သို့​လာ ၍​ရပ်​လျက်​ပတ္ထနာ​ပြု​သော​အ​ခါ ကိုယ်​တော် သည်​နား​ညောင်း​၍​သူ​တို့​အား​ကယ်​ဆယ် တော်​မူ​မည်​ဟု​ယုံ​ကြည်​ကြ​ပါ​၏။''

10. ``ယ​ခု​အ​ခါ​အမ္မုန်​ပြည်​သား၊ မော​ဘ​ပြည်​သား နှင့်​ဧ​ဒုံ​ပြည်​သား​တို့​သည်​အ​ကျွန်ုပ်​အား​တိုက် ခိုက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​ဘိုး​ဘေး​များ အီ​ဂျစ်​ပြည်​မှ​ထွက်​ခွာ​လာ​စဉ်​အ​ခါ​က ဘိုး​ဘေး​တို့​သည်​ထို​ပြည်​များ​သို့​ဝင်​ရောက် ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မ​မူ​ပါ။ သို့​ဖြစ် ၍​သူ​တို့​သည်​ထို​ပြည်​များ​ကို​ရှောင်​ကွင်း ပြီး​လျှင်​မ​ဖျက်​မ​ဆီး​ဘဲ​ထား​ခဲ့​ကြ ပါ​၏။-

11. ဤ​သို့​ပြု​သည့်​အ​တွက်​ကျေး​ဇူး​ဆပ်​သည့် အ​နေ​ဖြင့်​သူ​တို့​သည် အ​ကျွန်ုပ်​တို့​အား ကိုယ်​တော်​ပေး​သနား​တော်​မူ​သည့်​ပြည်​တော် မှ​နှင်​ထုတ်​ရန်​ရောက်​ရှိ​လာ​ကြ​ပါ​၏။-

12. ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​၏​ဘုရား​ဖြစ်​တော်​မူ ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​ယ​ခု​တိုက်​ခိုက်​ရန်​ရောက် ရှိ​လာ​သော​တပ်​မ​တော်​ကြီး​၏​ရှေ့​တွင်​ခို​ကိုး​ရာ မဲ့​ဖြစ်​လျက်​နေ​ကြ​ပါ​၏။ အ​ဘယ်​သို့​ပြု​ရ​မည် ကို​အ​ကျွန်ုပ်​တို့​မ​သိ​ကြ​ပါ။ သို့​ရာ​တွင်​ကူ​မ တော်​မူ​ရန်​အ​ထံ​တော်​သို့​မျှော်​ကြည့်​ကြ​ပါ​၏'' ဟု​အ​သံ​ကျယ်​စွာ​ဆု​တောင်း​ပတ္ထ​နာ​ပြု​တော် မူ​၏။

13. ယု​ဒ​ပြည်​သူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​သား မယား​များ​နှင့်​အ​တူ​ဗိ​မာန်​တော်​ရှေ့​တွင် ရပ်​လျက်​နေ​ကြ​၏။-

14. ထာ​ဝရ​ဘု​ရား​၏​ဝိ​ညာဉ်​သည်​လူ​အုပ်​ထဲ​တွင် ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မူ​၏။ ထို​သူ​သည်​ဇာ​ခ​ရိ သား​ယ​ဟာ​ဇေ​လ​ဖြစ်​၏။ မတ္တ​နိ၊ ယေ​ယေ​လ၊ ဗေ​နာ​ယ​နှင့်​အာ​သပ်​မှ​ဆင်း​သက်​လာ​သူ အာ​သပ်​အ​နွယ်​ဝင်​တည်း။-

15. ယ​ဟာ​ဇေ​လ​က``အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယု​ဒ​ပြည်​သူ​များ၊ ယေ​ရု​ရှ​လင်​မြို့​သား အ​ပေါင်း​တို့၊ သင်​တို့​သည်​စိတ်​မ​ပျက်​အား မ​လျော့​ကြ​နှင့်။ ဤ​ကြီး​မား​သည့်​တပ်​မ​တော် ကို​ရင်​ဆိုင်​ရန်​မ​ကြောက်​ကြ​နှင့်​ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ပါ​၏။ တိုက်​ပွဲ​သည်​သင် တို့​၏​အ​ပေါ်​တွင်​မ​တည်။ ဘု​ရား​သ​ခင် ၏​အ​ပေါ်​တွင်​တည်​ပေ​သည်။-

16. နက်​ဖြန်​ထို​သူ​တို့​ဇိ​ဇ​မြို့​တောင်​ကြား​လမ်း သို့​ချီ​တက်​လာ​သော​အ​ခါ သူ​တို့​အား​တိုက် ခိုက်​ကြ​လော့။ သင်​တို့​သည်​ယေ​ရွေ​လ​အ​နီး တော​ကန္တာ​ရ​သို့​သွား​ရာ​ချိုင့်​ဝှမ်း​အ​ဆုံး​၌ သူ​တို့​နှင့်​တွေ့​ဆုံ​မိ​ကြ​လိမ့်​မည်။-

17. သင်​တို့​သည်​ဤ​တိုက်​ပွဲ​ကို​ဆင်​နွဲ​ရ​ကြ​မည် မ​ဟုတ်။ နေ​ရာ​သာ​ယူ​၍​စောင့်​နေ​ကြ​လော့။ ထာ​ဝရ​ဘု​ရား​သည်​သင်​တို့​အား​အောင်​ပွဲ ခံ​စေ​တော်​မူ​သည်​ကို​တွေ့​ရ​ကြ​လိမ့်​မည်။ ယု​ဒ​ပြည်​သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့ သား​တို့၊ မ​တွန့်​မ​ဆုတ်​ကြ​နှင့်။ မ​ကြောက် မ​လန့်​ဘဲ​တိုက်​ပွဲ​သို့​ဝင်​ကြ​လော့။ ထာ​ဝရ ဘု​ရား​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ လိမ့်​မည်'' ဟု​ဗျာ​ဒိတ်​တော်​ဆင့်​ဆို​၏။

18. ထို​အ​ခါ​ယော​ရှ​ဖတ်​မင်း​သည်​မြေ​သို့​တိုင် အောင်​ဦး​ညွှတ်​ပျပ်​ဝပ်​လျက်​နေ​၏။ ပြည်​သူ အ​ပေါင်း​တို့​သည်​လည်း​မင်း​ကြီး​နှင့်​အ​တူ ပျပ်​ဝပ်​ကာ​ထာ​ဝ​ရ​ဘု​ရား​အား​ရှိ​ခိုး​ကြ​၏။-

19. ကော​ဟတ်​နှင့်​ကော​ရ​သား​ချင်း​စု​များ​မှ​လေဝိ အ​နွယ်​ဝင်​တို့​သည်​မတ်​တပ်​ရပ်​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘုရား​သ​ခင်​ထာ​ဝရ​ဘု​ရား အား​အ​သံ​ကျယ်​စွာ​ထော​မ​နာ​ပြု​ကြ​ကုန်​၏။

20. နောက်​တစ်​နေ့​နံ​နက်​စော​စော​၌ ပြည်​သူ​တို့​သည် တေ​ကော​အ​နီး​တော​ကန္တာ​ရ​သို့​ထွက်​ခွာ​သွား ကြ​၏။ ထွက်​ခွာ​စ​ပြု​သော​အ​ခါ ယော​ရှ​ဖတ် သည်​ပြည်​သူ​တို့​အား``ယု​ဒ​ပြည်​သူ​များ နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​သည် မိ​မိ​တို့​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​စား​ကြ​လျှင်​ရပ်​တည်​နိုင်​ကြ​လိမ့်​မည်။ ကိုယ်​တော်​၏​ပ​ရော​ဖက်​များ​ဟော​ကြား သည်​ကို​ယုံ​ကြည်​ကြ​လျှင်​အောင်​မြင် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

21. မင်း​ကြီး​သည်​ပြည်​သူ​တို့​နှင့်​တိုင်​ပင်​၍​ဂီ​တ ပ​ညာ​သည် အ​ချို့​ကို​နေ့​ထူး​နေ့​မြတ်​များ​တွင် ဝတ်​ဆင်​လေ့​ရှိ​သည့်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၍ တပ်​မ​တော်​ရှေ့​က​ချီ​တက်​စေ​ပြီး​လျှင်``ထာ​ဝရ ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော် ၏​မေတ္တာ​တော်​သည် ထာ​ဝ​စဉ်​တည်​၏'' ဟု​သီ​ဆို ကြ​စေ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

22. သူ​တို့​စ​၍​သီ​ချင်း​ဆို​ကြ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ချင်း​နင်း​ဝင်​ရောက်​လာ​သော​တပ် တို့​ကို​က​စဥ့်​က​လျား​ဖြစ်​စေ​တော်​မူ​၏။-

23. အမ္မုန်​တပ်​မ​တော်​နှင့်​မော​ဘ​တပ်​မ​တော်​တို့ သည် ဧ​ဒုံ​တပ်​မ​တော်​ကို​တိုက်​ခိုက်​ချေ​မှုန်း ဖျက်​ဆီး​ပြီး​လျှင် အ​ချင်း​ချင်း​ပြန်​၍​ကြမ်း ကြုတ်​စွာ​တိုက်​ခိုက်​ကြ​လေ​သည်။-

24. ယု​ဒ​တပ်​မ​တော်​သည်​သဲ​ကန္တာ​ရ​ရှိ​ကင်း​မျှော် စင်​သို့​ရောက်​သော​အ​ခါ ရန်​သူ​တို့​ဘက်​သို့​ကြည့် လိုက်​ရာ​တစ်​ယောက်​မ​ကျန်​မြေ​ပေါ်​တွင်​လဲ​သေ နေ​ကြ​သည်​ကို​မြင်​ရ​ကြ​၏။

25. ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20