ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:32-37 Common Language Bible (BCL)

32. သူ​သည်​မိ​မိ​ခ​မည်း​တော်​အာ​သ​ကဲ့​သို့​ပင် ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​မှောက်​တွင်​ဖြောင့် မှန်​သည့်​အ​မှု​ကို​သာ​ပြု​ကျင့်​၏။-

33. သို့​ရာ​တွင်​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို မ​ဖြို​ဖျက်။ ပြည်​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား စိတ် ပါ​လက်​ပါ​ကိုး​ကွယ်​ဝတ်​ပြု​မှု​ကို​မ​ပြု​ကြ သေး​ပေ။

34. ယော​ရှ​ဖတ်​၏​နန်း​သက်​အ​စ​မှ​အ​ဆုံး​တိုင် အောင်​သူ​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ဣသ​ရေ​လ​ရာ​ဇ​ဝင်​၏​တစ်​စိတ် တစ်​ဒေ​သ​ဖြစ်​သော​ဟာ​နန်​၏​သား​ယေ​ဟု အတ္ထု​ပ္ပတ္တိ​တွင်​ရေး​ထား​သ​တည်း။

35. အ​ခါ​တစ်​ပါး​က​ယု​ဒ​ဘု​ရင်​ယော​ရှ​ဖတ် သည် ဆိုး​ညစ်​ယုတ်​မာ​သော​အ​မှု​များ​စွာ​တို့ ကို​ပြု​ကျင့်​သူ​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ခ​ဇိ နှင့်​မ​ဟာ​မိတ်​ဖွဲ့​ခဲ့​၏။-

36. သူ​တို့​နှစ်​ဦး​သည်​ဧ​ဇ​ယုန်​ဂါ​ဗာ​သင်္ဘော​ဆိပ်​တွင် တာ​ရှု​မြို့​သို့​ရွက်​လွှင့်​ရန်​သင်္ဘော​များ​ကို​ဆောက် လုပ်​ကြ​၏။-

37. သို့​ရာ​တွင်​မ​ရေ​ရှ​မြို့​နေ​ဒေါ​ဒ​ဝ​၏​သား ဧ​လျေ​ဇ​က​ယော​ရှ​ဖတ်​အား``အ​ရှင်​သည် အာ​ခ​ဇိ​နှင့်​မ​ဟာ​မိတ်​ဖွဲ့​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​သည်​အ​ရင်​ဆောက်​လုပ်​ထား​သည့် သင်္ဘော​များ​ကို​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်'' ဟု​ဆို​သည့်​အ​တိုင်း​ထို​သင်္ဘော​တို့​သည် ပျက်​၍​တာ​ရှု​မြို့​သို့​မ​သွား​ရ​ချေ။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20