ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 20:25-31 Common Language Bible (BCL)

25. ယော​ရှ​ဖတ်​နှင့်​သူ​၏​စစ်​သည်​တော်​တို့​သည် ရန်​သူ တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​သိမ်း​ယူ​ရန်​လာ​ရောက် ကြ​သော​အ​ခါ​သိုး​နွား​အ​မြောက်​အ​မြား၊ ရိက္ခာ၊ အ​ဝတ်​အ​စား​နှင့်​အ​ခြား​အ​ဖိုး​တန်​ပစ္စည်း​များ ကို​တွေ့​ရှိ​ကြ​လေ​သည်။ သူ​တို့​သိမ်း​ယူ​သည့်​ဥစ္စာ ပစ္စည်း​မှာ​အ​လွန်​ပင်​များ​သ​ဖြင့် သုံး​ရက်​တိုင်​တိုင် သိမ်း​ယူ​သော်​လည်း​မ​ကုန်​ချေ။-

26. လေး​ရက်​မြောက်​သော​နေ့​၌​သူ​တို့​သည်​ဗ​ရာ​ခ ချိုင့်​ဝှမ်း​တွင်​စု​ရုံး​ကြ​လျက် ဘု​ရား​သ​ခင်​ပြု တော်​မူ​သော​ကျေး​ဇူး​တော်​အ​ပေါင်း​အ​တွက် ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​ကုန်​၏။ ဤ သည်​ကို​အ​ကြောင်း​ပြု​၍​ထို​ချိုင့်​ဝှမ်း​ကို ဗ​ရာ​ခ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လေ​သည်။-

27. ယော​ရှ​ဖတ်​သည်​အောင်​ပွဲ​ခံ​၍​မိ​မိ​၏​စစ် သည်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပြန် လည်​ခေါ်​ဆောင်​လာ​တော်​မူ​၏။-

28. သူ​တို့​သည်​မြို့​တော်​သို့​ရောက်​ကြ​သော​အ​ခါ စောင်း​များ၊ တံ​ပိုး​ခ​ရာ​များ​တီး​မှုတ်​လျက် ဗိ​မာန်​တော်​သို့​ချီ​တက်​ကြ​လေ​သည်။-

29. ဣ​သ​ရေ​လ​အ​မျိုး​သား​များ​၏​ရန်​သူ​တို့ ကို ထာ​ဝရ​ဘု​ရား​အ​ဘယ်​သို့​နှိမ်​နင်း​တော်​မူ ကြောင်း​ကို​ကြား​သိ​ရ​သည့်​လူ​မျိုး​အ​ပေါင်း တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။-

30. သို့​ဖြစ်​၍​ယော​ရှ​ဖတ်​သည်​ငြိမ်း​ချမ်း​စွာ​နန်း​စံ တော်​မူ​ရ​၏။ ဘု​ရား​သ​ခင်​သည်​သူ​၏​နိုင်​ငံ အ​ရပ်​ရပ်​တွင်​လုံ​ခြုံ​မှု​ရှိ​စေ​တော်​မူ​၏။

31. ယော​ရှ​ဖတ်​သည်​သက်​တော်​သုံး​ဆယ့်​ငါး​နှစ်​ရှိ သော​အ​ခါ ယု​ဒ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက် ၍​ယေ​ရု​ရှ​လင်​မြို့​တွင်​နှစ်​ဆယ့်​ငါး​နှစ်​နန်း​စံ လေ​သည်။ သူ​၏​မယ်​တော်​မှာ​ရှိ​လ​ဟိ​၏​သ​မီး အ​ဇု​ဘ​ဖြစ်​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 20