ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 2:13-18 Common Language Bible (BCL)

13. သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဟိ​ရံ​ဆို​သူ​လက်​မှု ပ​ညာ​ဆ​ရာ​ကို​အ​ဆွေ​တော်​ထံ​သို့​စေ​လွှတ် လိုက်​ပါ​မည်။ သူ​သည်​ဉာဏ်​ပ​ညာ​ထက်​မြက် ၍​အ​လုပ်​ကျွမ်း​ကျင်​သူ​ဖြစ်​ပေ​သည်။-

14. သူ​၏​အ​မိ​သည်​ဒန်​အ​နွယ်​ဝင်၊ သူ​၏​အဖ​မှာ တု​ရု​မြို့​သား​ဖြစ်​ပါ​၏။ သူ​သည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်​နှင့်​သစ်​သား​ပစ္စည်း​အ​သုံး အ​ဆောင်​များ​ကို​ပြု​လုပ်​တတ်​၍​နီ၊ ပြာ၊ ညို မောင်း​သော​အ​ထည်​များ၊ ပိတ်​ချော​ထည်​များ ကို​လည်း​ယက်​လုပ်​တတ်​ပါ​သည်။ တီ​ထွင်​မှု လုပ်​ငန်း​အ​မျိုး​မျိုး​တွင်​ကျွမ်း​ကျင်​၍​သူ့ အား​အ​ကြံ​ပေး​ဖော်​ပြ​သည့်​ပုံ​စံ​အ​တိုင်း လုပ်​ကိုင်​နိုင်​သူ​ဖြစ်​ပေ​သည်။ သူ့​အား အ​ဆွေ​တော်​၏​ခ​မည်း​တော်​အ​သုံး​ပြု ခဲ့​သည့်​လက်​မှု​ပ​ညာ​သည်​များ​နှင့်​အ​တူ လုပ်​ကိုင်​စေ​ပါ​လော့။-

15. အ​ဆွေ​တော်​က​တိ​ပြု​သည်​အ​တိုင်း​ယ​ခု ကျွန်ုပ်​ထံ​သို့​ဂျုံ၊ မု​ယော​ဆန်၊ စ​ပျစ်​ရည် နှင့်​သံလွင်​ဆီ​တို့​ကို​ပေး​ပို့​လိုက်​ပါ​လော့။-

16. ကျွန်ုပ်​သည်​လေ​ဗ​နုန်​တောင်​ပေါ်​ရှိ​သစ်​က​တိုး ပင်​များ​ကို​အ​ဆွေ​တော်​လို​သ​မျှ​ခုတ်​လှဲ​၍ ဖောင်​ဖွဲ့​ကာ​ပင်​လယ်​လမ်း​ဖြင့်​ယုပ္ပေ​မြို့​အ​ရောက် စုန်​မျော​စေ​ပါ​မည်။ ထို​မြို့​မှ​ယေ​ရု​ရှ​လင်​မြို့ သို့​အ​ဆွေ​တော်​၏​လူ​တို့​သယ်​ယူ​နိုင်​ကြ ပါ​သည်'' ဟု​ဖော်​ပြ​ပါ​ရှိ​၏။

17. ရှော​လ​မုန်​မင်း​သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​မင်း သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​သည့်​နည်း​တူ ဣသ​ရေ​လ​နိုင်​ငံ​တွင်​နေ​ထိုင်​သူ​လူ​မျိုး​ခြား များ​ကို​သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​တော် မူ​ရာ လူ​ပေါင်း​တစ်​သိန်း​ငါး​သောင်း​သုံး​ထောင့် ခြောက်​ရာ​ရ​လေ​သည်။-

18. မင်း​ကြီး​သည်​ထို​သူ​တို့​အ​နက်​ပစ္စည်း​သယ် ယူ​ရန်​လူ​ခုနစ်​သောင်း၊ တောင်​ပေါ်​တွင်​ကျောက် ဆစ်​ရန်​လူ​ရှစ်​သောင်း၊ အ​လုပ်​ကြီး​ကြပ် အုပ်​ချုပ်​ရန်​လူ​သုံး​ထောင့်​ခြောက်​ရာ​ကို ခန့်​ထား​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 2