ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 18:9-12 Common Language Bible (BCL)

9. ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။-

10. ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

11. အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​ကို​ချီ​တက် တော်​မူ​ပါ။ ထာ​ဝရ​ဘုရား​သည်​အ​ရှင့်​အား အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု ဟော​ကြ​၏။

12. ဤ​အ​တော​အ​တွင်း​၌​မိ​က္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``ပ​ရော​ဖက်​အား လုံး​က​ပင်​မင်း​ကြီး​သည်​အောင်​မြင်​လိမ့်​မည် ဖြစ်​ကြောင်း​ဟော​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် လည်း​ဤ​အ​တိုင်း​ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 18