ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 18:25-34 Common Language Bible (BCL)

25. ထို​နောက်​အာ​ဟပ်​သည်​မိ​မိ​၏​နန်း​တွင်း​အ​ရာ ရှိ​တစ်​ယောက်​အား``မိက္ခာ​ကို​ဖမ်း​ဆီး​၍​မြို့​ဝန် အာ​မုန်​နှင့်​ယော​ရှ​မင်း​သား​ထံ​သို့​ခေါ်​ဆောင် သွား​လော့။-

26. သူ့​အား​အ​ကျဉ်း​ချ​ကာ​ငါ​ကောင်း​မွန်​ချော မော​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​ချိန်​တိုင်​အောင် မုန့်​နှင့်​ရေ​ကို​သာ​ကျွေး​မွေး​ထား​ရန်​သူ​တို့ အား​ပြော​ကြား​လော့'' ဟု​အ​မိန့်​ပေး​တော် မူ​၏။

27. မိက္ခာ​က``အ​ကယ်​၍​ဘု​ရင်​မင်း​ကောင်း​မွန်​ချော မော​စွာ​ပြန်​လာ​ရ​လျှင်​ငါ​ဆင့်​ဆို​သော​စ​ကား သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား မ​ဟုတ်'' ဟု​ပြော​ပြီး​နောက်​ဆက်​လက်​၍``အို လူ အ​ပေါင်း​တို့၊ ငါ​ပြော​သည်​ကို​နား​ထောင်​ကြ လော့'' ဟု​ဆို​၏။

28. ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။-

29. အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။

30. ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-

31. ထို​ကြောင့်​သူ​တို့​သည်​ယော​ရှ​ဖတ်​မင်း​ကို​မြင် သော​အ​ခါ ဣ​သ​ရေ​လ​ဘု​ရင်​ဟု​ထင်​မှတ်​ကာ ပြန်​လှည့်​၍​တိုက်​ခိုက်​ကြ​၏။ သို့​ရာ​တွင်​ယော​ရှ ဖတ်​ဟစ်​အော်​လိုက်​သော​အ​ခါ​ဘု​ရား​သ​ခင် ထာ​ဝရ​ဘု​ရား​သည်​သူ့​ကို​ကယ်​ဆယ်​၍ ရန်​သူ တို့​သည်​အ​ခြား​တစ်​ဖက်​သို့​လှည့်​၍​တိုက်​ခိုက် ကြ​၏။-

32. ရ​ထား​တပ်​မှူး​တို့​သည်​ဣ​သ​ရေ​လ​ဘု​ရင် မ​ဟုတ်​ကြောင်း​သိ​သော်​လွှဲ​ရှောင်​သွား​ကြ​၏။-

33. သို့​ရာ​တွင်​ရှု​ရိ​တပ်​သား​တစ်​ယောက်​သည်​မြား တစ်​စင်း​ကို​ပစ်​လွှတ်​လိုက်​ရာ အ​မှတ်​မ​ထင် အာ​ဟပ်​၏​သံ​ချပ်​အင်္ကျီ​အ​ဆက်​ကြား​ကို ထိ​မှန်​သွား​လေ​သည်။ မင်း​ကြီး​သည်​မိ​မိ​ကို မြား​ချက်​ထိ​ပြီ​ဖြစ်​ကြောင်း​ပြော​ပြီး​နောက် ရ​ထား​မှူး​အား​တိုက်​ပွဲ​မှ​ထွက်​ခွာ​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။-

34. တိုက်​ပွဲ​ဖြစ်​လျက်​နေ​ချိန်​၌​အာ​ဟပ်​မင်း​သည် ရှု​ရိ​တပ်​ကို​မျက်​နှာ​မူ​လျက် မိ​မိ​ရ​ထား​ပေါ် တွင်​မှီ​၍​ထိုင်​နေ​၏။ နေ​ဝင်​ချိန်​၌​ကွယ်​လွန် လေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 18