ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 18:1-16 Common Language Bible (BCL)

1. ယော​ရှ​ဖတ်​မင်း​သည်​ချမ်း​သာ​ကြွယ်​ဝ​၍​ဂုဏ် သ​တင်း​ကျော်​စော​လာ​သော​အ​ခါ ဣ​သ​ရေ​လ ဘုရင်​အာ​ဟပ်​မင်း​နှင့်​အ​မျိုး​ဆက်​တော်​မူ​၏။-

2. နှစ်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ယော​ရှ​ဖတ် သည် အာ​ဟပ်​ထံ​လည်​ပတ်​ရန်​ရှ​မာ​ရိ​မြို့​သို့ ရောက်​ရှိ​လာ​လေ​သည်။ အာ​ဟပ်​သည်​ယော​ရှ ဖတ်​နှင့်​တ​ကွ​သူ​နှင့်​လိုက်​ပါ​လာ​သူ​တို့​ကို ဂုဏ်​ပြု​ရန် သိုး​နွား​အ​မြောက်​အ​မြား​ကို​သတ် ၍​ဧည့်​ခံ​ပွဲ​ကျင်း​ပ​တော်​မူ​၏။ သူ​သည်​ယော ရှ​ဖတ်​အား​မိ​မိ​နှင့်​အ​တူ​ဂိ​လဒ်​ပြည်​ရာ မုတ်​မြို့​ကို​တိုက်​ခိုက်​ရန်​သွေး​ဆောင်​လေ​၏။-

3. သူ​က``အ​ဆွေ​တော်​သည်​ရာ​မုတ်​မြို့​ကို​တိုက် ခိုက်​ရန်​ကျွန်ုပ်​နှင့်​အ​တူ​လိုက်​မည်​လော'' ဟု မေး​၏။ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​အ​ဆင်​သင့်​ရှိ ချိန်​၌​ကျွန်ုပ်​လည်း​အ​ဆင်​သင့်​ရှိ​ပါ​၏။ ကျွန်ုပ်​၏​တပ်​မ​တော်​သည်​လည်း​ထို​နည်း​တူ ပင်​ဖြစ်​ပါ​၏။ ကျွန်ုပ်​တို့​သည်​သင်​နှင့်​အ​တူ လိုက်​ပါ​မည်'' ဟု​ပြန်​ပြော​တော်​မူ​၏။-

4. ထို​နောက်​သူ​သည်​ဆက်​၍``သို့​ရာ​တွင်​ဤ ကိစ္စ​ကို​ထာ​ဝရ​ဘု​ရား​အား​ဦး​စွာ​မေး မြန်း​လျှောက်​ထား​ပါ​လော့'' ဟု​ဆို​၏။

5. သို့​ဖြစ်​၍​အာ​ဟပ်​သည်​လေး​ရာ​ခန့်​ရှိ​သော ပ​ရော​ဖက်​တို့​ကို​ခေါ်​တော်​မူ​၍``ငါ​သည် ရာ​မုတ်​မြို့​ကို​သွား​ရောက်​တိုက်​ခိုက်​ရန်​သင့် မ​သင့်​ပြော​ကြား​ကြ​လော့'' ဟု​မိန့်​တော်​မူ၏။ပ​ရော​ဖက်​တို့​က``တိုက်​ခိုက်​တော်​မူ​ပါ။ ဘု​ရား​သ​ခင်​သည်​အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော် မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​ထား​ကြ​၏။

6. သို့​ရာ​တွင် ယော​ရှ​ဖတ်​က``ကျွန်ုပ်​တို့​အ​တွက် ထာ​ဝရ​ဘု​ရား​အား​လျှောက်​ထား​မေး​မြန်း ပေး​မည့်​အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ ပါ​သေး​သ​လော'' ဟု​မေး​၏။

7. အာ​ဟပ်​က``အ​ခြား​ပ​ရော​ဖတ်​တစ်​ပါး​ရှိ​ပါ သေး​သည်။ ထို​သူ​သည်​ဣမ​လ​၏​သား​မိက္ခာ ဖြစ်​ပါ​၏။ သို့​ရာ​တွင်​သူ​သည်​ကျွန်ုပ်​အ​တွက် အ​ဘယ်​အခါ​မျှ​အ​ကောင်း​ကို​မ​ဟော။ အ​ဆိုး ကို​သာ​လျှင်​အ​စဉ်​ဟော​တတ်​သ​ဖြင့်​သူ့ ကို​ကျွန်ုပ်​မုန်း​ပါ​၏'' ဟု​ပြန်​ပြော​လေ​သည်။ထို​အ​ခါ​ယော​ရှ​ဖတ်​က``အ​ဆွေ​တော်​ဤ​သို့ မပြော​သင့်​ပါ'' ဟု​ဆို​၏။

8. သို့​ဖြစ်​၍​အာ​ဟပ်​မင်း​သည်​နန်း​တွင်း​အ​ရာ​ရှိ တစ်​ဦး​ကို​ခေါ်​ပြီး​လျှင် မိက္ခာ​အား​ချက်​ချင်း ခေါ်​ဆောင်​ခဲ့​ရန်​အ​မိန့်​ပေး​တော်​မူ​၏။

9. ဘု​ရင်​နှစ်​ပါး​တို့​သည်​မင်း​မြောက်​တန်​ဆာ​များ ကို​ဝတ်​ဆင်​ကာ​ရှ​မာ​ရိ​မြို့၊ မြို့​တံ​ခါး​ပြင် ကောက်​နယ်​တ​လင်း​၌​ရာ​ဇ​ပလ္လင်​များ​ပေါ် တွင်​ထိုင်​လျက်​နေ​ကြ​၏။ သူ​တို့​၏​ရှေ့​၌ ပ​ရော​ဖက်​အ​ပေါင်း​သည်​ဟော​လျက်​နေ ကြ​၏။-

10. ပ​ရော​ဖက်​တစ်​ပါး​ဖြစ်​သူ၊ ခေ​နာ​နာ​၏​သား ဇေ​ဒ​ကိ​သည်​သံ​ဦး​ချို​များ​ကို​ပြု​လုပ်​ပြီး လျှင်​အာ​ဟပ်​အား``ထာ​ဝရ​ဘု​ရား​က`သင်​သည် ဤ​ဦး​ချို​များ​ဖြင့်​ရှု​ရိ​တပ်​အား​ချေ​မှုန်း လိမ့်​မည်' ဟု​မိန့်​တော်​မူ​ပါ​သည်'' ဟု​လျှောက်​၏။-

11. အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း​တို့​သည်​လည်း ဤ​အ​တိုင်း​ပင်​မင်း​ကြီး​အား​လျှောက်​ထား ကြ​၏။ သူ​တို့​က``ရာ​မုတ်​မြို့​ကို​ချီ​တက် တော်​မူ​ပါ။ ထာ​ဝရ​ဘုရား​သည်​အ​ရှင့်​အား အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု ဟော​ကြ​၏။

12. ဤ​အ​တော​အ​တွင်း​၌​မိ​က္ခာ​ထံ​သို့​သွား​သော နန်း​တွင်း​အ​ရာ​ရှိ​က​မိက္ခာ​အား``ပ​ရော​ဖက်​အား လုံး​က​ပင်​မင်း​ကြီး​သည်​အောင်​မြင်​လိမ့်​မည် ဖြစ်​ကြောင်း​ဟော​ကြ​ပါ​ပြီ။ ကိုယ်​တော်​သည် လည်း​ဤ​အ​တိုင်း​ဟော​သင့်​ပါ​သည်'' ဟု​ဆို​၏။

13. သို့​ရာ​တွင်​မိက္ခာ​က``ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​ဖော်​ပြ​ရ​လိမ့်​မည်​ဖြစ် ကြောင်း အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ဆို​၏'' ဟု​ပြော​၏။

14. သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​သော အ​ခါ​မင်း​ကြီး​က``အ​ချင်း​မိက္ခာ၊ ယော​ရှ​ဖတ် မင်း​နှင့်​ငါ​သည်​ရာ​မုတ်​မြို့​သို့​ချီ​တက်​တိုက် ခိုက်​သင့်​သ​လော၊ မ​သင့်​သ​လော'' ဟု​မေး တော်​မူ​၏။မိက္ခာ​က​လည်း``တိုက်​ခိုက်​တော်​မူ​ပါ၊ အောင်​မြင် တော်​မူ​ပါ​လိမ့်​မည်။ ထာ​ဝရ​ဘု​ရား​သည် အ​ရှင့်​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ​ပါ​လိမ့် မည်'' ဟု ပြန်​လည်​လျှောက်​ထား​၏။

15. သို့​ရာ​တွင်​အာ​ဟပ်​က``ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ဟော​ရာ​တွင်​ဟုတ်​မှန်​သည် ကို​သာ​ဟော​ရန်​သင့်​အား​ငါ​ဘယ်​နှစ်​ကြိမ် သ​တိ​ပေး​ရ​ပါ​မည်​နည်း'' ဟု​ဆို​၏။

16. ထို​အ​ခါ​မိက္ခာ​က``ဣသ​ရေ​လ​ပြည်​သူ​တို့​သည် သိုး​ထိန်း​မဲ့​သည့်​သိုး​များ​ကဲ့​သို့​တောင်​ကုန်း များ​ပေါ်​တွင်​ကွဲ​လွင့်​လျက်​နေ​သည်​ကို​ငါ မြင်​၏။ ထာ​ဝရ​ဘု​ရား​က​လည်း`ဤ​သူ​တို့​မှာ ခေါင်း​ဆောင်​မ​ရှိ။ သူ​တို့​အား​မိ​မိ​တို့​ရပ်​ရွာ သို့​အေး​ချမ်း​စွာ​ပြန်​ခွင့်​ပြု​လော့' ဟု​မိန့် တော်​မူ​ပါ​သည်''ဟု​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 18