ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 17:6-9 Common Language Bible (BCL)

6. သူ​သည်​ထာ​ဝရ​ဘု​ရား​အား​ကိုး​ကွယ်​မှု တွင်​စိတ်​အား​ထက်​သန်​လျက်​ယု​ဒ​ပြည်​ရှိ ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​နှင့်​အာ​ရှ​ရ ဘု​ရား​မ​၏​တံ​ခွန်​တိုင်​ရှိ​သ​မျှ​ကို​ဖျက် ဆီး​တော်​မူ​၏။

7. နန်း​စံ​တ​တိ​ယ​နှစ်​၌​ယော​ရှ​ဖတ်​သည် မှူး​မတ်​များ​ဖြစ်​ကြ​သော​ဗင်​ဟဲ​လ၊ သြ​ဗ​ဒိ၊ ဇာ​ခ​ရိ၊ နာ​သ​နေ​လ​နှင့်​မိက္ခာ​ယ​တို့​အား ယု​ဒ​ပြည်​အ​မြို့​မြို့​သို့​သြ​ဝါ​ဒ​ပေး​ရန် စေ​လွှတ်​တော်​မူ​၏။-

8. သူ​တို့​နှင့်​အ​တူ​လေ​ဝိ​အ​နွယ်​ဝင်​ကိုး​ဦး နှင့်​ယဇ်​ပု​ရော​ဟိတ်​နှစ်​ပါး​လိုက်​ပါ​သွား ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​တို့​မှာ​ရှေ​မာ​ယ၊ နေ​သ​နိ၊ ဇေ​ဗ​ဒိ၊ အာ​သ​ဟေ​လ၊ ရှေ​မိ​ရ​မုတ်၊ ယော​န​သန်၊ အ​ဒေါ​နိ​ယ၊ တော​ဘိ​ယ၊ တော​ဘ၊ ဒေါ​နိ​ယ​တို့​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ် တို့​မှာ​ဧ​လိ​ရှ​မာ​နှင့်​ယော​ရံ​တို့​ဖြစ်​ကြ ၏။-

9. သူ​တို့​သည်​မိ​မိ​တို့​နှင့်​အ​တူ​ယူ​ဆောင် သွား​သော​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တ​ရား ကျမ်း​အ​ရ ယု​ဒ​မြို့​အ​သီး​သီး​သို့​လှည့် လည်​ကာ​ပြည်​သူ​တို့​အား​သွန်​သင်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 17