ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 16:8-12 Common Language Bible (BCL)

8. ဆူ​ဒန်​နှင့်​လိ​ဗု​အ​မျိုး​သား​တို့​တွင်​စစ်​ရ​ထား နှင့် မြင်း​စီး​သူ​ရဲ​အ​မြောက်​အ​မြား​ပါ​ဝင် သည့်​တပ်​မ​တော်​များ​ရှိ​ခဲ့​ကြ​သည်​မ​ဟုတ် ပါ​လော။ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘုရား​ကို အား​ကိုး​ခဲ့​သ​ဖြင့် ကိုယ်​တော်​သည်​ဘု​ရင်​မင်း အား​ထို​တပ်​မ​တော်​တို့​ကို​နှိမ်​နင်း​ခွင့်​ပေး တော်​မူ​ခဲ့​၏။-

9. ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​သစ္စာ​စောင့် သူ​တို့​အား​တန်​ခိုး​စွမ်း​ရည်​ကို​ပေး​တော်​မူ​ရန် ကမ္ဘာ​တစ်​ဝှမ်း​လုံး​ကို​သေ​ချာ​စွာ​ကြည့်​လျက် နေ​တော်​မူ​၏။ ဘု​ရင်​မင်း​သည်​မိုက်​မဲ​စွာ​ပြု ခဲ့​သည်​ဖြစ်​၍ ယ​ခု​မှ​စ​၍​အ​စဉ်​စစ်​ဖြစ် လျက်​နေ​ရ​လိမ့်​မည်'' ဟု​ဆင့်​ဆို​၏။-

10. ထို​စ​ကား​ကြောင့်​အာ​သ​သည်​ပ​ရော​ဖက် အား​အ​မျက်​ထွက်​၍ သံ​ကြိုး​များ​နှင့်​ချည် နှောင်​ထား​စေ​၏။ ဤ​အ​ချိန်​၌​အာ​သ​သည် ပြည်​သူ​အ​ချို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​စ​ပြု လေ​သည်။

11. အာ​သ​၏​လက်​ထက်​၌​ဖြစ်​ပျက်​သ​မျှ​သော အမှု​အ​ရာ​များ​ကို ယု​ဒ​ရာ​ဇ​ဝင်​နှင့် ဣ​သ​ရေ​လ ရာ​ဇ​ဝင်​တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-

12. နန်း​စံ​သုံး​ဆယ့်​ကိုး​နှစ်​မြောက်​၌​အာ​သ​သည် နူ​နာ​စွဲ​သ​ဖြင့် ခြေ​မ​စွမ်း​မ​သန်​ဖြစ်​သော​အ​ခါ ထာ​ဝရ​ဘု​ရား​အား​ဆည်း​ကပ်​မည့်​အ​စား ဆေး သ​မား​များ​ကို​သာ​လျှင်​ဆည်း​ကပ်​လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 16