ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 12:7-15 Common Language Bible (BCL)

7. ဤ​အ​ချင်း​အ​ရာ​ကို​ထာ​ဝ​ရ​ဘု​ရား​မြင် တော်​မူ​သော​အ​ခါ``သူ​တို့​သည်​မိ​မိ​တို့​အ​ပြစ် ကို​ဝန်​ခံ​ကြ​သည်​ဖြစ်​၍​ငါ​သည်​သူ​တို့​အား ဖျက်​ဆီး​မည်​မ​ဟုတ်။ ရှိ​ရှက်​တိုက်​ခိုက်​မှု​ကြောင့် သူ​တို့​သည်​ပျက်​စီး​ခြင်း​ဘေး​မှ​လွတ်​ရုံ​မျှ သာ​ရှိ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​အ​ပြည့်​အ​ဝ ခံ​ရ​မည်​မ​ဟုတ်။-

8. သို့​ရာ​တွင်​ရှိ​ရှက်​သည်​သူ​တို့​ကို​အ​နိုင်​ရ​လိမ့် မည်။ သူ​တို့​သည်​ငါ​၏​အ​မှု​တော်​ကို​ဆောင်​ရွက် ခြင်း​နှင့်​လော​ကီ​ဘု​ရင်​တို့​၏​အ​မှု​ကို​ဆောင် ရွက်​ခြင်း​ကွာ​ခြား​ပုံ​ကို​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​ရှေ​မာ​ယ​ထံ​ဗျာ​ဒိတ်​တော်​ရောက်​လာ​၏။

9. ရှိ​ရှက်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ချီ​တက် ၍ ရှော​လ​မုန်​မင်း​ပြု​လုပ်​ထား​ခဲ့​သော​ရွှေ​ဒိုင်း လွှား​များ​အ​ပါ​အ​ဝင် ဗိ​မာန်​တော်​နှင့်​နန်း တော်​ဘဏ္ဍာ​ရှိ​သ​မျှ​ကို​သိမ်း​ယူ​သွား​လေ သည်။-

10. ရော​ဗောင်​မင်း​သည်​ထို​ဒိုင်း​လွှား​များ​ကို​အ​စား ထိုး​ရန်​ကြေး​ဝါ​ဒိုင်း​လွှား​များ​ပြု​လုပ်​၍ နန်း​တော် အ​ဝင်​တံ​ခါး​များ​တွင်​တာ​ဝန်​ကျ​သည့်​တပ်​မှူး တို့​ကို​ပေး​အပ်​တော်​မူ​၏။-

11. ဗိ​မာန်​တော်​သို့​မင်း​ကြီး​သွား​ရောက်​သည့်​အ​ခါ တိုင်း​ကိုယ်​ရံ​တော်​တပ်​သား​တို့​သည် ထို​ဒိုင်း​လွှား များ​ကို​ကိုင်​ဆောင်​ရ​ကြ​ပြီး​နောက်​ကင်း​စောင့် ခန်း​တွင်​ပြန်​၍​ထား​ရ​ကြ​၏။-

12. မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင် မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​သည်​သူ့​အား​လုံး​လုံး လျား​လျား​ဖျက်​ဆီး​တော်​မ​မူ။ ယု​ဒ​ပြည်​၌ လည်း​ပြည်​မှု​ပြည်​ရေး​သာ​ယာ​လေ​သည်။

13. ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နန်း​စံ​ကာ ရာ​ဇ​တန်​ခိုး​တိုး​တက်​လာ​လေ​သည်။ နန်း​တက် စဉ်​အ​ခါ​က​သူ​သည်​သက်​တော်​လေး​ဆယ့်​တစ် နှစ်​ရှိ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခု​နစ်​နှစ် နန်း​စံ​တော်​မူ​၏။ ဣ​သ​ရေ​လ​နွယ်​အ​ပေါင်း​တို့ နေ​ထိုင်​ရာ​မြို့​ရွာ​များ​အ​နက် ထို​မြို့​ကို​ထာ​ဝ​ရ ဘု​ရား​သည်​မိ​မိ​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န တော်​အ​ဖြစ်​ရွေး​ချယ်​ထား​တော်​မူ​သ​တည်း။ ရော​ဗောင်​၏​မယ်​တော်​မှာ​အမ္မုန်​ပြည်​သူ၊ နေ​မ ဖြစ်​၏။-

14. မင်း​ကြီး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​ရှာ​လို​စိတ်​မ​ရှိ​သ​ဖြင့်​ဒု​စ​ရိုက်​ကို​ပြု တော်​မူ​၏။

15. ရော​ဗောင်​ဆောင်​ရွက်​ခဲ့​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​အ​စ​မှ​အ​ဆုံး​နှင့်​သူ​၏​အိမ်​ထောင် စု​မှတ်​တမ်း​များ​ကို​ပ​ရော​ဖက်​ရှေ​မာ​ယ​၏ အတ္ထု​ပ္ပတ္တိ​နှင့်​ပ​ရော​ဖက်​ဣ​ဒေါ​၏​အတ္ထု​ပ္ပတ္တိ တွင်​တွေ့​ရှိ​ရ​လေ​သည်။ ရော​ဗောင်​နှင့်​ယေ​ရော ဗောင်​တို့​သည်​အ​စဉ်​မ​ပြတ်​စစ်​ဖြစ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 12