ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 12:1-5 Common Language Bible (BCL)

1. ရော​ဗောင်​သည်​မိ​မိ​၏​ရာ​ဇ​အာ​ဏာ​တည်​မြဲ အောင်​ဆောင်​ရွက်​ပြီး​သော​အ​ခါ သူ​နှင့်​သူ ၏​ပြည်​သူ​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​တ​ရား​တော်​ကို​စွန့်​ပယ်​၍၊-

2. သစ္စာ​တော်​ကို​ဖောက်​သော​ကြောင့်​ရော​ဗောင်​နန်း​စံ ပ​ထ​မ​နှစ်​၌ အီ​ဂျစ်​ဘု​ရင်​ရှိ​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​ကို​တိုက်​ခိုက်​လေ​သည်။-

3. သူ​သည်​စစ်​ရ​ထား​တစ်​ထောင့်​နှစ်​ရာ၊ မြင်း​စီး သူ​ရဲ​ခြောက်​သောင်း​နှင့်​လိ​ဗု​ပြည်​သား၊ သု​ကိ ပြည်​သား၊ ဆူ​ဒန်​ပြည်​သား​တို့​အ​ပါ​အ​ဝင် မ​ရေ​မ​တွက်​နိုင်​သော​စစ်​သည်​တော်​များ​ပါ ရှိ​သည့်​တပ်​မ​တော်​ကြီး​ကို​ခေါင်း​ဆောင်​၍ လာ​၏။-

4. သူ​သည်​ယု​ဒ​ပြည်​ရှိ​ခံ​တပ်​မြို့​တို့​ကို​တိုက်​ခိုက် သိမ်း​ယူ​ကာ ယေ​ရု​ရှ​လင်​မြို့​အ​ရောက်​ချီ​တက် လာ​လေ​သည်။

5. ရှိ​ရှက်​၏​ဘေး​မှ​လွတ်​မြောက်​ရန်​ယေ​ရု​ရှ​လင်​မြို့ တွင်​စု​ရုံး​လျက်​ရှိ​သော ရော​ဗောင်​မင်း​နှင့်​ယု​ဒ ခေါင်း​ဆောင်​များ​ထံ​ပ​ရော​ဖက်​ရှေ​မာ​ယ​သွား ၍``ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့​သည်​ငါ့​ကို​စွန့် ပယ်​ကြ​သ​ဖြင့် ငါ​သည်​သင်​တို့​ကို​ရှိ​ရှက်​လက် သို့​ပေး​အပ်​လိုက်​ပြီ' ဟု​မိန့်​တော်​မူ​၏'' ဟု ဆင့်​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 12