ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ​ချုပ် 1:6-11 Common Language Bible (BCL)

6. မင်း​ကြီး​သည်​ယဇ်​ကောင်​တစ်​ထောင်​ကို​သတ်​၍ တစ်​ကောင်​လုံး​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ထာ​ဝ​ရ ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော်​ရှေ့​၌ ကြေး​ဝါ​ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​တော်​မူ သည်။

7. ထို​ည​၌​ဘု​ရား​သ​ခင်​သည်​ရှော​လ​မုန်​ထံ သို့​ကြွ​လာ​တော်​မူ​၍``သင့်​အား​အ​ဘယ်​ဆု ကို​ပေး​စေ​လို​သ​နည်း'' ဟု​မေး​တော်​မူ​၏။

8. ရှော​လ​မုန်​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​အား​ကြီး​မြတ်​သည့်​မေတ္တာ တော်​ကို​အ​စဉ်​ပြ​တော်​မူ​ပြီး​လျှင် ယ​ခု အ​ကျွန်ုပ်​အား​လည်း​သူ​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​စေ​တော်​မူ​ပါ​ပြီ။-

9. အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် သည်​ခ​မည်း​တော်​အား​ပေး​တော်​မူ​သော​ကတိ တော်​ကို​တည်​စေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​အား မ​ရေ​မ​တွက်​နိုင်​အောင်​များ​ပြား​သည့်​ဤ လူ​မျိုး​၏​ဘု​ရင်​ဖြစ်​စေ​တော်​မူ​ပါ​ပြီ။-

10. ထို့​ကြောင့်​ထို​သူ​တို့​ကို​အုပ်​စိုး​ရန်​လို​အပ် သည့်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​အ​ကျွန်ုပ် အား​ပေး​တော်​မူ​ပါ။ ယင်း​သို့​ပေး​တော်​မ​မူ ပါ​လျှင်​အ​ကျွန်ုပ်​သည်​ဤ​မျှ​များ​ပြား​သော ကိုယ်​တော်​၏​လူ​မျိုး​တော်​ကြီး​ကို​အ​ဘယ် သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း'' ဟု​တောင်း လျှောက်​လေ​၏။

11. ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​လျောက်​ပတ် သော​အ​ရာ​ကို​ရွေး​ချယ်​လေ​ပြီ။ စည်း​စိမ်​ဥစ္စာ နှင့်​ဂုဏ်​သ​တင်း​ကျော်​စော​မှု​တို့​ကို​သော် လည်း​ကောင်း၊ ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​ရန် ကို​သော်​လည်း​ကောင်း​မ​တောင်း​ခံ​ဘဲ သင့်​အား ငါ​ပေး​အပ်​ထား​သည့်​ပြည်​သူ​တို့​ကို​အုပ်​စိုး နိုင်​ရန်​ဉာဏ်​ပ​ညာ​နှင့်​အ​သိ​ပ​ညာ​ကို​တောင်း ခံ​ပေ​သည်။ သို့​ဖြစ်​၍​သင့်​အား​အ​သိ​ပ​ညာ နှင့်​ဉာဏ်​ပ​ညာ​ကို​ငါ​ပေး​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ​ချုပ် 1