ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 9:7-13 Common Language Bible (BCL)

7. ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

8. မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။

9. ထို​အ​ခါ​မင်း​ကြီး​သည်​ရှော​လု​၏​အ​စေ​ခံ ဇိ​ဘ​ကို​ခေါ်​ယူ​၍``ငါ​သည်​သင့်​သ​ခင်​၏ မြေး​မေ​ဖိ​ဗော​ရှက်​အား ရှော​လု​မိ​သား​စု ပိုင်​ဆိုင်​သ​မျှ​သော​မြေ​ယာ​တို့​ကို​ပေး​မည်။-

10. သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။)

11. ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။-

12. မေ​ဖိ​ဗော​ရှက်​မှာ​မိက္ခာ​နာ​မည်​တွင်​သော​သား ငယ်​တစ်​ယောက်​ရှိ​၏။ ဇိ​ဘ​၏​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်​၏ အ​စေ​ခံ​များ​ဖြစ်​လာ​ကြ​၏။-

13. ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 9