ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 9:1-4 Common Language Bible (BCL)

1. ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။

2. ထို​အ​ခါ​လူ​တို့​သည်​ဇိ​ဘ​နာ​မည်​ရှိ​သော လူ​တစ်​ယောက်​ကို​အ​ထံ​တော်​သို့​သွင်း​ကြ​၏။ ထို​သူ​ကား​ရှော​လု​မိ​သား​စု​၏​အ​စေ​ခံ တစ်​ဦး​ဖြစ်​၏။ မင်း​ကြီး​က​သူ့​အား``သင် သည်​ဇိ​ဘ​လော'' ဟု​မေး​တော်​မူ​လျှင်၊``မှန်​လှ​ပါ​အ​ရှင်'' ဟု​ဇိ​ဘ​က​လျှောက် ထား​၏။

3. မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။

4. မင်း​ကြီး​က``သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ဇိ​ဘ​က``လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​၏​သား မာ​ခိ​ရ​၏​အိမ်​တွင်​ရှိ​ပါ​သည်'' ဟု​လျှောက် ၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 9