9. ဟာဒဒေဇာ၏တပ်မတော်တစ်ခုလုံးကို ဒါဝိဒ်ချေမှုန်းလိုက်ကြောင်း ဟာမတ်ဘုရင် တောဣမင်းကြားလျှင်၊-
10. သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-
11-12. ဒါဝိဒ်မင်းသည်ထိုပစ္စည်းများကိုဝတ်ပြု ကိုးကွယ်ရာတွင်အသုံးပြုရန်အတွက် ထာဝရဘုရားအားဆက်ကပ်၏။ ထိုနည်း တူမိမိနှိမ်နင်းခဲ့သောဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိနှင့် အာမလက်ပြည်များမှသိမ်း ယူခဲ့သည့်ရွှေ၊ ငွေများနှင့်ဟာဒဒေဇာ ထံမှရရှိသည့်ပစ္စည်းအချို့တို့ကိုလည်း ထာဝရဘုရားအားဆက်ကပ်၏။
13. ဒါဝိဒ်သည်ဆားချိုင့်ဝှမ်းမှဧဒုံပြည်သား တစ်သောင်းရှစ်ထောင်ကို သုတ်သင်ရာမှပြန် လာသောအခါပို၍ပင်ထင်ပေါ်ကျော် ကြား၍လာလေသည်။-
14. သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
15. ဒါဝိဒ်သည်ဣသရေလနိုင်ငံတစ်ခုလုံးကို အုပ်စိုး၍ မိမိ၏ပြည်သူတို့အားတရား မျှတမှုရရှိစေရန်စီရင်တော်မူ၏။-
16. ဇေရုယာ၏သားယွာဘသည်တပ်မတော် ဗိုလ်ချုပ်ဖြစ်၍ အဟိလုပ်၏သားယော ရှဖတ်မှာစာရင်းထိန်းဖြစ်၏။-