ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 7:12-28 Common Language Bible (BCL)

12. သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-

13. သူ​သည်​ငါ​၏​အ​တွက်​ဗိမာန်​တော်​ကို​တည် ဆောက်​ရ​မည်။ ငါ​သည်​သူ​၏​ရာ​ဇ​ပလ္လင်​ကို ထာ​ဝ​စဉ်​တည်​မြဲ​စေ​မည်။-

14. ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​၍​သူ​သည်​လည်း​ငါ ၏​သား​ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​အ​မှား​ကို ပြု​သော​အ​ခါ​အ​ဖ​က​သား​ကို​ဆုံး​မ သ​ကဲ့​သို့​သူ့​ကို​ဆုံး​မ​မည်။-

15. သင့်​အား​ထီး​နန်း​အပ်​နှင်း​နိုင်​ရန်​ငါ​ဖယ်​ရှား လိုက်​သည့်​ရှော​လု​၏​ထံ​မှ ငါ​၏​ထောက်​ခံ​မှု ကို​ရုပ်​သိမ်း​သ​ကဲ့​သို့​သင်​၏​ထံ​မှ​ရုပ်​သိမ်း မည်​မ​ဟုတ်။-

16. သင်​၏​အ​မျိုး​အ​နွယ်​သည်​အ​ဘယ်​အ​ခါ ၌​မျှ​မ​တိမ်​ကော​ဘဲ သင်​၏​နိုင်​ငံ​သည်​ထာ​ဝ စဉ်​တည်​လိမ့်​မည်။ သင်​၏​ရာ​ဇ​အာ​ဏာ​စက် သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း သွား​လိမ့်​မည်​မ​ဟုတ်' ဟု​မိန့်​တော်​မူ​ကြောင်း ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။

17. နာ​သန်​သည်​မိ​မိ​အား​ဘု​ရား​သ​ခင်​မိန့် ကြား​တော်​မူ​သ​မျှ​တို့​ကို ဒါ​ဝိဒ်​အား​ဆင့် ဆို​လေ​၏။

18. ဒါ​ဝိဒ်​မင်း​သည်​တဲ​တော်​သို့​ဝင်​ပြီး​လျှင်​ထိုင် ၍``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​နှင့် အ​ကျွန်ုပ်​၏​မိ​သား​စု​သည်​အ​ကျွန်ုပ်​အ​တွက် ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​ကျေး​ဇူး တော်​နှင့်​မ​ထိုက်​မ​တန်​ပါ။-

19. အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား ယ​ခင်​က​ထက်​ပင်​ပို​၍​ကျေး​ဇူး ပြု​တော်​မူ​ပါ​သည်​တ​ကား။ လာ​လတ္တံ့​သော ကာ​လ​၌​အ​ကျွန်ုပ်​၏​သား​မြေး​တို့​အ​တွက် က​တိ​တော်​ပေး​တော်​မူ​ပါ​ပြီ။ အို အ​ရှင် ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဤ အ​ကြောင်း​ကို​လူ​တစ်​ယောက်​အား​အ​သိ ပေး​တော်​မူ​ပါ​သည်​တ​ကား။-

20. အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​ကိုယ်​တော်​ရှင်​အား ထပ်​မံ​လျှောက်​ထား​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​အ​ကျွန်ုပ်​အ​ကြောင်း​ကို​ကိုယ် တော်​ရှင်​သိ​တော်​မူ​ပါ​၏။-

21. ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​လို​တော်​နှင့် အ​ကြံ​အ​စည်​တော်​အ​ရ ဤ​သို့​ပြု​တော်​မူ ခြင်း​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အား​သွန်​သင်​စေ​ရန် ဤ​ကြီး​မြတ်​သည့်​အ​မှု​အ​ရာ​များ​ကို​ပြု တော်​မူ​ပါ​ပြီ။-

22. အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် အ​လွန်​ကြီး​မြတ်​တော်​မူ​ပါ​သည်​တ​ကား။ အ​ကျွန်ုပ်​တို့​ကြား​သိ​သ​မျှ​အ​တိုင်း​ကိုယ် တော်​ရှင်​နှင့်​တူ​သော​ဘု​ရား၊ ကိုယ်​တော်​ရှင် မှ​တစ်​ပါး​အ​ခြား​ဘု​ရား​မ​ရှိ​ပါ။-

23. အ​ဘယ်​လူ​မျိုး​မျှ​ကိုယ်​တော်​ရှင်​၏​လူ​မျိုး တော်​ဣသ​ရေ​လ​လူ​မျိုး​နှင့်​နှိုင်း​ယှဉ်​၍​မ​ရ ပါ။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​မျိုး​တော် စစ်​ချီ​လာ​ချိန်​၌​အ​ခြား​လူ​မျိုး​တို့​နှင့် သူ တို့​၏​ဘု​ရား​များ​အား​နှင်​ထုတ်​တော်​မူ​ခဲ့ ပါ​၏။ အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ​ကယ် ဆယ်​တော်​မူ​ခဲ့​သော​လူ​တို့​ကို​မိ​မိ​၏​လူ မျိုး​တော်​ဖြစ်​စေ​တော်​မူ​ပါ​၏။-

24. ကိုယ်​တော်​ရှင်​သည်​ဣသ​ရေ​လ​လူ​မျိုး​အား မိမိ​ထာ​ဝ​စဉ်​ပိုင်​ရာ​လူ​မျိုး​တော်​ဖြစ်​စေ တော်​မူ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ရှင်​သည်​လည်း​သူ​တို့​၏​ဘု​ရား​ဖြစ်​တော် မူ​ပြီ။''

25. ``အို ဘု​ရား​သ​ခင်၊ ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​နှင့်​အိမ်​ထောင်​အ​တွက်​ပေး​တော်​မူ​သော က​တိ​တော်​ကို​ထာ​ဝ​စဉ်​တည်​မြဲ​စေ​တော် မူ​၍ ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​တော်​မူ​ပါ။-

26. ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​သည်​အ​စဉ် အ​မြဲ​ထင်​ပေါ်​ကျော်​ကြား​ပါ​လိမ့်​မည်။ လူ တို့​က`အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား ဖြစ်​တော်​မူ​၏' ဟု​အ​စဉ်​အ​မြဲ​ပြော​ဆို ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဒါ​ဝိဒ်​၏​မင်း​ဆက်​ကို​လည်း​တည်​မြဲ​စေ တော်​မူ​ပါ။-

27. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော့် ကျွန်​အား​ဤ​အ​မှု​အ​ရာ​များ​ကို​ဖော်​ပြ​၍ ကိုယ်​တော့်​ကျွန်​၏​သား​မြေး​များ​ကို​မင်း မြှောက်​တော်​မူ​မည်​ဖြစ်​ကြောင်း​မိန့်​တော်​မူ သော​ကြောင့် ကိုယ်​တော့်​ကျွန်​သည်​ဤ​ဆု​တောင်း ပတ္ထနာ​ကို​အ​ထံ​တော်​သို့​တင်​လျှောက်​ဝံ့ ပါ​၏။''

28. ``အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင် သည်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ က​တိ​တော် တို့​ကို​လည်း​အ​စဉ်​တည်​မြဲ​စေ​တော်​မူ​ပါ​၏။ ကိုယ်​တော့်​ကျွန်​အား​ဤ​အံ့​သြ​ဖွယ်​သော က​တိ​တော်​ကို​ပေး​တော်​မူ​ပါ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 7