ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 7:1-12 Common Language Bible (BCL)

1. ယ​ခု​အ​ခါ​ဒါ​ဝိဒ်​မင်း​သည်​နန်း​တော်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ရ​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​သည်​ဒါ​ဝိဒ်​မင်း​အား​ရန်​သူ​အ​ပေါင်း တို့​ဘေး​မှ​ကင်း​ဝေး​စေ​တော်​မူ​သ​ဖြင့်၊-

2. ပ​ရော​ဖက်​နာ​သန်​အား`ကြည့်​လော့။ ငါ​သည် သစ်​က​တိုး​သား​နန်း​တော်​နှင့်​နေ​ထိုင်​ရ​သော် လည်း ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​မူ​ကား​တဲ​တော်​၌​သာ​ကျိန်း​ဝပ်​တော် မူ​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။

3. နာ​သန်​က`ဘု​ရား​သ​ခင်​သည်​အ​ရှင်​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဖြစ်​၍ အ​ရှင်​အ​လို​ရှိ​သည့် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​၏။-

4. သို့​ရာ​တွင်​ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည် နာ​သန်​အား၊-

5. ``ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ထံ​သို့​သွား​၍​သူ့ အား`သင်​သည်​ငါ​ကျိန်း​ဝပ်​ရန်​ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ​မည်​မ​ဟုတ်။-

6. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​လာ​ချိန်​မှ ယ​နေ့​တိုင်​အောင်​ငါ​သည် ဗိ​မာန်​တော်​တွင်​ကျိန်း​ဝပ်​တော်​မ​မူ​ခဲ့။ တဲ​တော် ၌​သာ​ကျိန်း​ဝပ်​လျက်​ဒေ​သ​စာ​ရီ​လှည့်​လည် တော်​မူ​ခဲ့​၏။-

7. ယင်း​သို့​မိ​မိ​၏​လူ​မျိုး​တော်​နှင့်​လှည့်​လည်​တော် မူ​ခဲ့​စဉ်​အ​ဘယ်​အ​ခါ​၌​မျှ ငါ​သည်​မိ​မိ​ခန့် ထား​သော​ခေါင်း​ဆောင်​တို့​အား`သင်​တို့​အ​ဘယ် ကြောင့်​ငါ​၏​အ​တွက်​သစ်​က​တိုး​သား​ဗိ​မာန် တော်​ကို​ဆောက်​လုပ်​၍​မ​ပေး​ကြ​သ​နည်း' ဟု မေး​တော်​မ​မူ​ခဲ့။-

8. သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား သည်​မိ​မိ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​အား`ငါ​သည်​သင့် ကို​ငါ​၏​လူ​မျိုး​တော်​ဣသ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရင်​ဖြစ်​စိမ့်​သော​ငှာ​သိုး​ကျောင်း​ရာ ကွင်း​ထဲ​မှ​ခေါ်​ယူ​ခဲ့​၏။-

9. သင်​သွား​လေ​ရာ​ရာ​၌​သင်​နှင့်​အ​တူ​ငါ​ပါ​ရှိ လျက် သင်​၏​ရန်​သူ​ရှိ​သ​မျှ​တို့​ကို​နှိမ်​နင်း​ပေး ခဲ့​၏။ ငါ​သည်​သင့်​အား​ကမ္ဘာ​ပေါ်​တွင်​အ​ကျော် စော​ဆုံး​သော​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​စေ​မည်။-

10-11. ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက်​နေ​ရာ​အ​ရပ်​ကို​ရွေး​ချယ်​၍ နောက် တစ်​ဖန်​ညှင်း​ဆဲ​ခြင်း​ကို​မ​ခံ​ရ​တော့​ဘဲ အ​တည်​တ​ကျ​နေ​ထိုင်​စေ​ပြီ။ ဤ​ပြည် သို့​ဝင်​ရောက်​လာ​ချိန်​မှ​အ​စ​ပြု​၍ သူ​တို့ သည်​အ​ကြမ်း​ဖက်​သူ​လူ​စု​တို့​၏​တိုက်​ခိုက် မှု​ကို​ခံ​ခဲ့​ရ​ကြ​သော်​လည်း​နောက်​တစ်​ဖန် ခံ​ရ​ကြ​တော့​မည်​မ​ဟုတ်။ သင့်​အား​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​လုံ​ခြုံ​စေ​၍ သား မြေး​များ​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို​၏။-

12. သင်​ကွယ်​လွန်​၍​ဘိုး​ဘေး​တို့​နှင့်​အ​တူ​သင်္ဂြိုဟ် ခြင်း​ကို​ခံ​ရ​သော​အ​ခါ ငါ​သည်​သင်​၏​သား တစ်​ယောက်​ကို​မင်း​မြှောက်​ကာ​သူ​၏​နိုင်​ငံ ကို​တည်​တံ့​ခိုင်​မြဲ​စေ​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 7