4. ဒါဝိဒ်ဘုရင်ဖြစ်သောအခါအသက်သုံး ဆယ်ရှိ၏။ သူသည်နှစ်ပေါင်းလေးဆယ်တိုင် တိုင်နန်းစံတော်မူရလေသည်။-
5. ယုဒပြည်ဘုရင်အဖြစ်ဖြင့်ဟေဗြုန်မြို့တွင် ခုနစ်နှစ်ခွဲ၊ ဣသရေလပြည်တစ်ခုလုံးနှင့် ယုဒပြည်ဘုရင်အဖြစ်ဖြင့် ယေရုရှလင် မြို့တွင်သုံးဆယ့်သုံးနှစ်နန်းစံတော်မူ သတည်း။
6. ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-
7. (သို့ရာတွင်ဒါဝိဒ်သည်ဇိအုန်ခံတပ်ကို သိမ်းယူနိုင်ခဲ့သဖြင့် ယင်းသည်ဒါဝိဒ်မြို့ ဟုနာမည်တွင်လာလေသည်။)