19. ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ်တော် ကျွန်သည်ဖိလိတ္တိအမျိုးသားတို့အားသွား ရောက်တိုက်ခိုက်ရပါမည်လော။ ကိုယ်တော်ရှင် သည်ကိုယ်တော့်ကျွန်အားအောင်ပွဲခံစေ တော်မူပါမည်လော'' ဟုမေးလျှောက်၏။
20. ထာဝရဘုရားက``သွားလော့။ ငါသည်သင့် အားအောင်ပွဲခံစေတော်မူမည်'' ဟုမိန့်တော် မူသဖြင့်ဒါဝိဒ်သည်ဗာလပေရဇိမ်မြို့သို့ သွား၍ဖိလိတ္တိအမျိုးသားတို့အားဖြိုခွင်း ပြီးလျှင်``ထာဝရဘုရားသည်အဟုန်ပြင်း သည့်ရေလျှံမြစ်ကဲ့သို့ငါ၏ရန်သူများကို ဖြိုခွင်းတော်မူလေပြီ'' ဟုမြွက်ဆို၏။ သို့ ဖြစ်၍ထိုအရပ်ကိုဗာလပေရဇိန်ဟု ခေါ်ဝေါ်ကြခြင်းဖြစ်၏။-
21. ဖိလိတ္တိအမျိုးသားတို့သည်မိမိတို့ကိုး ကွယ်သောရုပ်တုများကိုထိုအရပ်တွင်စွန့် ပစ်ခဲ့ကြသဖြင့် ယင်းတို့ကိုဒါဝိဒ်၏လူ တို့ကသိမ်းယူကြလေသည်။
22. ထိုနောက်ဖိလိတ္တိအမျိုးသားတို့သည်ရေဖိမ် ချိုင့်ဝှမ်းသို့ပြန်လာပြီးလျှင်ထိုအရပ်ကို သိမ်းပိုက်ကြပြန်၏။-
23. ဒါဝိဒ်သည်ထာဝရဘုရားထံတစ်ဖန်စုံစမ်း မေးလျှောက်ပြန်၏။ ကိုယ်တော်က``သူတို့အား ဤအရပ်မှနေ၍မတိုက်မခိုက်နှင့်။ သူတို့ ၏တပ်နောက်ဘက်ပိုင်းကိုကွေ့၍သွားပြီး လျှင်ပိုးစာတောအနီးမှတိုက်ခိုက်လော့။-
24. သင်သည်သစ်ပင်များထိပ်၌စစ်ချီသံကို ကြားသောအခါစတင်တိုက်ခိုက်လော့။ ထို အခါ၌ငါသည်ဖိလိတ္တိတပ်ကိုချေမှုန်း ရန်သင်၏ရှေ့မှကြွနှင့်မည်''ဟုမိန့်တော်မူ၏။-
25. ဒါဝိဒ်သည်ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလိုက်နာ၍ဖိလိတ္တိတပ်ကို ဂေဗမြို့မှဂါဇရမြို့တိုင်အောင်နှင်ထုတ် နိုင်လေသည်။