7. အိမ်တွင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက်ကောင်း စွာအိပ်ပျော်နေသော ဣရှဗောရှက်၏အိမ်ခန်း သို့ဝင်၍သူ့အားလုပ်ကြံကြ၏။ ထိုနောက်သူ ၏ဦးခေါင်းကိုဖြတ်၍ယူဆောင်ကာ တစ်ညဥ့် လုံးယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍လာကြ၏။-
8. ဟေဗြုန်မြို့သို့ရောက်သောအခါသူတို့ သည်ဒါဝိဒ်အား``အရှင်၏အသက်ကိုရန် ရှာသောအရှင့်ရန်သူရှောလု၏သားတော် ဣရှဗောရှက်၏ဦးခေါင်းကိုရှုတော်မူပါ။ ယနေ့ထာဝရဘုရားသည်အရှင်မင်းကြီး အား ရှောလုနှင့်သားမြေးတို့အပေါ်တွင် လက်စားချေခွင့်ကိုပေးတော်မူပါပြီ'' ဟုလျှောက်၍ဣရှဗောရှက်၏ဦးခေါင်း ကိုဆက်သကြ၏။
9. ဒါဝိဒ်က``ငါ့အားဘေးအန္တရာယ်အပေါင်းမှ ကယ်တော်မူသောအသက်ရှင်တော်မူသော ထာဝရဘုရားကိုတိုင်တည်၍ငါကျိန်ဆို ပါ၏။-
10. ရှောလုကွယ်လွန်တော်မူကြောင်းဇိကလတ် မြို့တွင်ငါ့ထံသို့လာရောက်ပြောကြားသူ သည် မိမိယူဆောင်လာသောသတင်းကို သတင်းကောင်းဟုထင်မှတ်ခဲ့သည်။ သို့ရာ တွင်ငါသည်သူ့ကိုဖမ်းဆီး၍ကွပ်မျက် လိုက်၏။ ဤကားမိမိပေးသည့်သတင်း အတွက်ထိုသူရရှိသည့်ဆုလာဘ်ပင် ဖြစ်သည်။-
11. မိမိ၏အိမ်ခန်းတွင်အိပ်စက်နေသောအပြစ်မဲ့ သူအားသတ်ဖြတ်ကြသည့်လူဆိုးတို့ကို ပို၍ ပြင်းထန်သောအပြစ်ဒဏ်စီရင်သင့်သည်မ ဟုတ်လော။ ထိုအပြစ်မဲ့သူကိုသတ်သည့်အတွက် ယခုငါသည်သင်တို့အပေါ်တွင်လက်စားချေ မည်။ သင်တို့အားမြေမျက်နှာပြင်ပေါ်မှသုတ် သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။-