ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 4:1-9 Common Language Bible (BCL)

1. ရှော​လု​၏​သား​ဣရှ​ဗော​ရှက်​သည်​ဟေ​ဗြုန်​မြို့ တွင် အာ​ဗ​နာ​အ​သတ်​ခံ​ရ​ကြောင်း​ကြား​သော အ​ခါ​ကြောက်​လန့်​လေ​၏။ ဣ​သ​ရေ​လ​ပြည် သား​အ​ပေါင်း​တို့​သည်​လည်း​ကြောက်​လန့် ကြ​ကုန်​၏။-

2. ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။-

3. ထို​မြို့​တွင်​လက်​ဦး​နေ​ထိုင်​ခဲ့​ကြ​သော​လူ တို့​သည်​ဂိတ္တိမ်​မြို့​သို့​ထွက်​ပြေး​ကာ ယ​နေ့​တိုင် အောင်​နေ​ထိုင်​လျက်​ရှိ​သ​တည်း။)

4. ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။

5. ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည်​ဣရှ​ဗော​ရှက်​၏​အိမ် တော်​သို့​သွား​ရာ ဣ​ရှ​ဗော​ရှက်​နေ့​လယ်​အိပ် စက်​အ​နား​ယူ​နေ​ချိန်​မွန်း​တည့်​ခန့်​၌​ရောက် ရှိ​လာ​ကြ​၏။-

6. တံ​ခါး​ဝ​တွင်​ရှိ​သော​အ​မျိုး​သ​မီး​သည်​လည်း ဂျုံ​ဆန်​ကို​ဆန်​ကာ​ချ​ရင်း ငိုက်​မြည်း​အိပ်​ပျော် လျက်​နေ​၏။ ထို့​ကြောင့်​ရေ​ခပ်​နှင့်​ဗာ​နာ​တို့ သည်​အိမ်​ထဲ​သို့​တိတ်​တ​ဆိတ်​ဝင်​ကြ​၏။-

7. အိမ်​တွင်း​သို့​ရောက်​သည်​နှင့်​တစ်​ပြိုင်​နက်​ကောင်း စွာ​အိပ်​ပျော်​နေ​သော ဣ​ရှ​ဗော​ရှက်​၏​အိမ်​ခန်း သို့​ဝင်​၍​သူ့​အား​လုပ်​ကြံ​ကြ​၏။ ထို​နောက်​သူ ၏​ဦး​ခေါင်း​ကို​ဖြတ်​၍​ယူ​ဆောင်​ကာ တစ်​ညဥ့် လုံး​ယော်​ဒန်​ချိုင့်​ဝှမ်း​ကို​ဖြတ်​၍​လာ​ကြ​၏။-

8. ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ​သူ​တို့ သည်​ဒါ​ဝိဒ်​အား``အ​ရှင်​၏​အ​သက်​ကို​ရန် ရှာ​သော​အ​ရှင့်​ရန်​သူ​ရှော​လု​၏​သား​တော် ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း​ကို​ရှု​တော်​မူ​ပါ။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှင်​မင်း​ကြီး အား ရှော​လု​နှင့်​သား​မြေး​တို့​အ​ပေါ်​တွင် လက်​စား​ချေ​ခွင့်​ကို​ပေး​တော်​မူ​ပါ​ပြီ'' ဟု​လျှောက်​၍​ဣ​ရှ​ဗော​ရှက်​၏​ဦး​ခေါင်း ကို​ဆက်​သ​ကြ​၏။

9. ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 4