ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

၂ ရာ 3:9-10-19 Common Language Bible (BCL)

9-10. ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လု​နှင့်​သူ​၏​သား မြေး​များ​ထံ​မှ​နိုင်​ငံ​တော်​ကို​ရုပ်​သိမ်း​၍ ဒါ​ဝိဒ်​အား​နိုင်​ငံ​တစ်​စွန်း​မှ​တစ်​စွန်း​တိုင်​အောင် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​တို့​၏​ဘု​ရင် အ​ဖြစ်​ခန့်​ထား​တော်​မူ​မည်​ဟု​က​တိ​ပြု​တော် မူ​ခဲ့​၏။ ယ​ခု​ငါ​သည်​ထို​က​တိ​တော်​အ​ကောင် အ​ထည်​ပေါ်​စေ​ရန်​မ​ဆောင်​ရွက်​ပါ​မူ ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ ပါ​စေ​သော'' ဟု​ဆို​၏။-

11. ဣ​ရှ​ဗော​ရှက်​သည်​အာ​ဗ​နာ​ကို​လွန်​စွာ ကြောက်​သ​ဖြင့်​စ​ကား​တစ်​ခွန်း​မျှ​ပြန်​၍ မ​တုံ့​မ​ပြန်​ဝံ့​ချေ။

12. ထို​အ​ချိန်​၌​ဒါ​ဝိဒ်​သည်​ဟေ​ဗြုန်​မြို့​တွင်​ရှိ နေ​သ​ဖြင့် အာ​ဗ​နာ​သည်​သူ​၏​ထံ​သို့​စေ​တ​မန် များ​ကို​လွှတ်​၍``ဤ​ပြည်​ကို​အ​ဘယ်​သူ​အုပ်​စိုး ပါ​မည်​နည်း။ အ​ကျွန်ုပ်​နှင့်​သစ္စာ​ဖွဲ့​တော်​မူ​လျှင် အ​ရှင့်​ဘက်​သို့​ဣသ​ရေ​လ​တစ်​ပြည်​လုံး​ပါ လာ​စေ​ရန်​အ​ကျွန်ုပ်​ကူ​ညီ​ဆောင်​ရွက်​ပေး​ပါ မည်'' ဟု​လျှောက်​စေ​၏။

13. ဒါ​ဝိဒ်​က``ကောင်း​ပြီ။ သို့​သော်​ငါ့​ထံ​သို့​သင် လာ​ရောက်​ချိန်​၌ ရှော​လု​၏​သ​မီး​မိ​ခါ​လ ကို​ဆောင်​ခဲ့​ရ​မည်။ သို့​မှ​သာ​ငါ​သည်​သင် နှင့်​သစ္စာ​ဖွဲ့​နိုင်​မည်'' ဟု​ပြန်​ကြား​လိုက်​၏။-

14. ထို​နောက်​ဒါ​ဝိဒ်​သည်​ဣရှ​ဗော​ရှက်​ထံ​စေ​တ​မန် များ​လွှတ်​၍``ငါ​၏​ဇ​နီး​မိ​ခါ​လ​ကို​ပြန်​၍ ပေး​လော့။ ငါ​သည်​သူ့​ကို​ထိမ်း​မြား​နိုင်​ရန် ဖိ​လိတ္တိ​အ​မျိုး​သား​အ​ရေ​ဖျား​တစ်​ရာ​ဖြင့် ဝယ်​ယူ​ခဲ့​ရ​၏'' ဟု​မှာ​ကြား​လိုက်​၏။-

15. သို့​ဖြစ်​၍​ဣရှ​ဗော​ရှက်​သည်​မိ​ခါ​လ​ကို​လဲ​ရှ ၏​သား၊ ခင်​ပွန်း​ဖာ​လ​တိ​ထံ​မှ​ပြန်​သိမ်း​စေ​၏။-

16. ဖာ​လ​တိ​သည်​ငို​ကြွေး​လျက်​ဗာဟု​ရိမ်​မြို့​တိုင် အောင်​မိ​ခါ​လ​နောက်​သို့​လိုက်​လေ​၏။ ထို့​နောက် အာ​ဗ​နာ​က``အိမ်​သို့​ပြန်​လော့'' ဟု​ဆို​သ​ဖြင့် ပြန်​သွား​ရ​၏။

17. အာ​ဗ​နာ​သည်​ဣ​သ​ရေ​လ​ခေါင်း​ဆောင်​များ ထံ​သို့​သွား​၍``ဒါ​ဝိဒ်​အား​သင်​တို့​မင်း​မြှောက် လို​ကြ​သည်​မှာ​ကြာ​ပေ​ပြီ။-

18. ယ​ခု​အ​ခါ​ကား​သင်​တို့​အ​ဖို့​အ​ခွင့်​ကောင်း​ပင် ဖြစ်​ပါ​၏။ ထာ​ဝ​ရ​ဘု​ရား​က`ငါ​၏​လူ​မျိုး​တော် အား​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့်​အ​ခြား​ရန်​သူ တို့​လက်​တွင်း​မှ​ငါ့​ကျွန်​ဒါ​ဝိဒ်​၏​လက်​ဖြင့် ကယ်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သည်​ကို​အောက်​မေ့ သ​တိ​ရ​ကြ​လော့'' ဟု​ဆို​၏။-

19. အာ​ဗ​နာ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အား​လည်း တိုက်​တွန်း​ပြော​ဆို​၏။ ထို​နောက်​သူ​သည်​ဣ​သ​ရေ​လ နှင့်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​အ​ဘယ်​သို့​သ​ဘော တူ​ညီ​ကြ​ကြောင်း​ကို ဒါ​ဝိဒ်​အား​ပြန်​ကြား လျှောက်​ထား​ရန်​ဟေ​ဗြုန်​မြို့​သို့​သွား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ၂ ရာ 3