32. အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
33. ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ``အို အာဗနာသင်သည်အဘယ်ကြောင့်လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။
34. ရာဇဝတ်ကောင်၏လက်ချက်ဖြင့်သေရသူ နည်းတူလက်ထိတ်မခတ်ခြေချင်းမစွဲဘဲကျဆုံးလေပြီတကား'' ဟူ၍ဖြစ်သည်။ထိုအခါလူတို့သည်အာဗနာအတွက်ငို ကြွေးမြည်တမ်းကြပြန်၏။
35. စားတော်ခေါ်ရန်ဒါဝိဒ်အားလူတို့တစ်နေ့လုံး တိုက်တွန်းကြသော်လည်းမင်းကြီးက``ငါသည် နေမဝင်မီစားတော်ခေါ်ခဲ့သော် ငါ့အားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူပါစေသော'' ဟု ကျိန်ဆိုအဋ္ဌိဋ္ဌာန်ပြုတော်မူ၏။-
36. ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-
37. ဒါဝိဒ်၏လူတို့နှင့်ဣသရေလပြည်သား အပေါင်းတို့သည် အာဗနာကိုသတ်ဖြတ်မှု တွင်မင်းကြီးမပါကြောင်းကိုသိရှိနား လည်ကြ၏။-
38. မင်းကြီးကမိမိ၏အရာရှိတို့အား``ယနေ့ သည်ဣသရေလခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်သည့်နေ့ဖြစ်ကြောင်းသင်တို့မသိ ကြပါသလော။-
39. ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။