19. အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။
20. အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။-
21. အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
22. ထိုနောက်ယွာဘနှင့်ဒါဝိဒ်၏အခြားစစ်သူရဲ တို့သည် ရန်သူတို့အားလုယက်တိုက်ခိုက်ရာမှ လက်ရပစ္စည်းအမြောက်အမြားနှင့်ပြန်လာ ကြ၏။ အာဗနာသည်ကားဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့တွင်မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော်ဒါဝိဒ်သည်သူ့အားဘေးမဲ့ထွက်ခွာ စေပြီဖြစ်သောကြောင့်တည်း။-
23. ယွာဘတို့လူစုရောက်ရှိလာကြသောအခါ ဒါဝိဒ်မင်းထံသို့အာဗနာလာကြောင်း၊ သူ့ အားဒါဝိဒ်သည်ဘေးမဲ့ပြန်လွှတ်လိုက်ကြောင်း သတင်းကိုယွာဘကြားသိရလေသည်။-
24. ထိုအခါသူသည်ဘုရင့်ထံသို့သွား၍``အရှင် အဘယ်သို့ပြုတော်မူပါသနည်း။ အာဗနာသည် အရှင့်ထံသို့ရောက်ရှိလာသော်လည်း အရှင်သည် အဘယ်ကြောင့်သူ့အားဤသို့ပြန်၍လွှတ်တော် မူပါသနည်း။-
25. သူသည်အရှင့်အားလိမ်လည်လှည့်စား၍ အရှင် သွားလာလှုပ်ရှားမှုအလုံးစုံကိုစုံစမ်းရန် လာရောက်ခြင်းဖြစ်သည်ကိုအရှင်သိတော်မူ သည်မဟုတ်ပါလော'' ဟုလျှောက်၏။
26. ယွာဘသည်ဒါဝိဒ်ထံမှထွက်လာပြီးနောက် အာဗနာကိုပြန်ခေါ်ရန်စေတမန်များကို လွှတ်လိုက်၏။ သူတို့သည်အာဗနာအားသိ ရရေတွင်းမှပြန်၍ခေါ်ဆောင်ခဲ့ကြ၏။-
27. ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
28. ဤသတင်းကိုဒါဝိဒ်ကြားသိတော်မူသော အခါ``အာဗနာအားလုပ်ကြံမှုတွင်ငါနှင့် ငါ၏ပြည်သူပြည်သားတို့သည် လုံးဝအပြစ် ကင်းကြကြောင်းထာဝရဘုရားသိတော်မူ ပါ၏။-
29. ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။-
30. သို့ဖြစ်၍ယွာဘနှင့်ညီအဘိရှဲတို့သည် ဂိဗောင်စစ်ပွဲတွင် မိမိတို့၏ညီအာသဟေလ အားအာဗနာသတ်ခဲ့သည့်အတွက်အာ ဗနာကိုလက်စားချေလိုက်ကြသတည်း။
31. ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-
32. အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
33. ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ``အို အာဗနာသင်သည်အဘယ်ကြောင့်လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။
34. ရာဇဝတ်ကောင်၏လက်ချက်ဖြင့်သေရသူ နည်းတူလက်ထိတ်မခတ်ခြေချင်းမစွဲဘဲကျဆုံးလေပြီတကား'' ဟူ၍ဖြစ်သည်။ထိုအခါလူတို့သည်အာဗနာအတွက်ငို ကြွေးမြည်တမ်းကြပြန်၏။
35. စားတော်ခေါ်ရန်ဒါဝိဒ်အားလူတို့တစ်နေ့လုံး တိုက်တွန်းကြသော်လည်းမင်းကြီးက``ငါသည် နေမဝင်မီစားတော်ခေါ်ခဲ့သော် ငါ့အားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူပါစေသော'' ဟု ကျိန်ဆိုအဋ္ဌိဋ္ဌာန်ပြုတော်မူ၏။-
36. ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-