17. အာဗနာသည်ဣသရေလခေါင်းဆောင်များ ထံသို့သွား၍``ဒါဝိဒ်အားသင်တို့မင်းမြှောက် လိုကြသည်မှာကြာပေပြီ။-
18. ယခုအခါကားသင်တို့အဖို့အခွင့်ကောင်းပင် ဖြစ်ပါ၏။ ထာဝရဘုရားက`ငါ၏လူမျိုးတော် အားဖိလိတ္တိအမျိုးသားများနှင့်အခြားရန်သူ တို့လက်တွင်းမှငါ့ကျွန်ဒါဝိဒ်၏လက်ဖြင့် ကယ်မည်' ဟုမိန့်တော်မူခဲ့သည်ကိုအောက်မေ့ သတိရကြလော့'' ဟုဆို၏။-
19. အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။
20. အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။-
21. အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
22. ထိုနောက်ယွာဘနှင့်ဒါဝိဒ်၏အခြားစစ်သူရဲ တို့သည် ရန်သူတို့အားလုယက်တိုက်ခိုက်ရာမှ လက်ရပစ္စည်းအမြောက်အမြားနှင့်ပြန်လာ ကြ၏။ အာဗနာသည်ကားဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့တွင်မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော်ဒါဝိဒ်သည်သူ့အားဘေးမဲ့ထွက်ခွာ စေပြီဖြစ်သောကြောင့်တည်း။-
23. ယွာဘတို့လူစုရောက်ရှိလာကြသောအခါ ဒါဝိဒ်မင်းထံသို့အာဗနာလာကြောင်း၊ သူ့ အားဒါဝိဒ်သည်ဘေးမဲ့ပြန်လွှတ်လိုက်ကြောင်း သတင်းကိုယွာဘကြားသိရလေသည်။-